အပိုင်း - ၁ (U)

38 0 0
                                    

'ငါနင့်ဥစ္စာပစ္စည်းတွေကိုလည်းမလိုချင်ဘူး ရှောင်းကျန့်၊ ငါ့ကိုသာလွှတ်'

'ကိုယ်တော့အဲ့လိုမထင်ဘူး'

ရှောင်းကျန့်၏လက်တစ်ဖက်က ကားစတီးယားရင်းကိုကိုင်ထားပြီး တစ်ဖက်ကတော့ဘေးခုံမှာထိုင်နေတဲ့ဆိုင်မွန်နင်းဆိုတဲ့ကောင်မလေးရဲ့ပေါင်ကိုပွတ်သပ်နေသည်။ ဘောင်းဘီအတိုကိုဝတ်ထားပြီး တစ်ချိန်ကချစ်သူရဲ့ဘယ်ခေါ်ခေါ်လိုက်ပါ့မယ်ဆိုတဲ့ကောင်မလေးလေ။ သူမကအခုတော့အချိုးတွေပြောင်းနေခဲ့ပြီ။ သူမကမင်းသမီးဖြစ်ချင်ခဲ့တယ်။ အတွေ့အကြုံမရှိဘဲ ပထမဆုံးရိုက်တဲ့ဇာတ်ကားမှာတင် ခေါင်းဆောင်မင်းသမီးလုပ်ရဖို့ အိတ်ဖောင်းပြီးရေလျှံတဲ့ရှောင်းကျန့်လိုလူကိုတောင် အာခံရဲနေပြီ။

သူမဟာရှောင်းကျန့်နဲ့စတွဲကတည်းက ရှောင်းကျန့်ကပိုက်ဆံရှိပြီးရုပ်ချောလို့ပါတဲ့။ ပိုက်ဆံအကြောင်းပြီးမှ ရုပ်ချောလို့တွဲခဲ့တာလို့ ပြန်ပြောပြခဲ့ဖူးတယ်။
ရှောင်းကျန့်ကလည်းအဲ့ဒါကိုပဲကြွေခဲ့ရတာ။ သူမကပွင့်လင်းတယ်၊ ရဲတယ်ပေါ့။ အခုတော့ သူမကရဲတင်းလွန်းနေခဲ့ပြီ။ ခါးပတ်ပက်ထားပြီးရုန်းနေခဲ့တဲ့သူမက ကားပေါ်ကနေလည်းခုန်မဆင်းရဲပါဘူး။ ရှောင်းကျန့်ကိုလည်းပြန်မရိုက်ရဲဘူး။ ကားကအရမ်းအရှိန်ပြင်းနေခဲ့လို့။ သူမရဲ့အားနေတဲ့ပါးစပ်ကပဲ အလုပ်လုပ်ပိုင်ခွင့်ရှိခဲ့တယ်။

'အရှိန်လျှော့စမ်းရှောင်းကျန့်! နင်ဘယ်တွေသွားနေတာလဲ?!'

'နတ်ပြည်သွားကြမယ်လေ ဘာလဲ ကြောက်လို့လား?'

ထိုစကားအဆုံးမှာပဲ သူတို့နှစ်ယောက်စီးနင်းလာတဲ့ကားလေးက အဖျားခါပြီး လေးပတ်လောက် drap သွားပြီးမှ လမ်းဘေးကဓာတ်တိုင်ကိုသွားရိုက်ပါတယ်။ ဓာတ်တိုင်ကကျိုးပြီး ကားနောက်ခန်းပေါ်ပြုတ်ကျခဲ့တယ်။ ရှောင်းကျန့်ရော ဆိုင်မွန်နင်းကတော့ ပါးစပ်တွေရော၊လက်တွေပါမလုပ်နိုင်တော့ပါဘူး။ သူတို့ရဲ့ကားလေးက မှန်ကွဲစတွေ၊ မီးခိုးငွေ့တွေ၊ အသက်ရှူသံငင်ငင်လေးတွေပဲ ရှိနေခဲ့တယ်။

.
.
.

'hello mr.ရှောင်'

ဝှီးချဲပေါ်ကလူကလက်တွေကိုအလုပ်ပေးရင်း တဖက်လှည့်လာသည်။ ဝမ်ရိပေါ်ကတော့ထိုလူ့မျက်နှာကိုမြင်မြင်ချင်း မျက်ခုံးတွေပင့်မိသွားသည်။ ဥစ္စာပေါ၊ ရုပ်ချောဆိုတာ ဒါမျိုးကိုး။

မမြင်လို့ မသိတာပါ အချစ်က မင်းအနားမှာ (မမြင်လို့ မသိတာပါ အချစ်က မင်းအနားမှာ)Where stories live. Discover now