အပိုင်း - ၂ (U)

12 0 0
                                    

'hey... what's up?´

ဖိုင်တွဲလေးတစ်ခုကိုကိုင်ထားတဲ့ ရိပေါ်ကို ဆေးရုံရဲ့ Emergency ဌာနမှာပဲတွေ့လိုက်ရပါတယ်။
အစိမ်းပုပ်ရောင် အင်္ကျီနဲ့ဘောင်းဘီကိုတွဲဝတ်ထားပြီး ရင်ဘက်မှာအမည်နဲ့ရာထူးရေးထားတဲ့ကဒ်ပြားကိုချိတ်ထားတဲ့ ရုပ်ချောချောနဲ့ကောင်လေးက မြင်လိုက်တဲ့သူတိုင်း ဆရာဝန်ပေါက်စလေးလို့ မြင်မိကြမှာအမှန်ပင်။ ပေါ့ပေါ့ပါးပါးစကားပြောတတ်တဲ့ ဒီကောင်လေးနဲ့ရှောင်းကျန့်သိတာ သုံးလရှိခဲ့ပြီ။ သုံးလမှာ နေ့တိုင်းမတွေ့ရပေမဲ့၊ လေ့ကျင့်ချိန်လောက်ပဲတွေ့ရပေမဲ့ နီးနီးကပ်ကပ်ရှိလွန်းတာကြောင့် ရင်းနှီးသင့်သလောက်ရင်နှီးနေပြီးဖြစ်သည်။
ရိပေါ်ကသူတို့ကိုမြင်မြင်ချင်းပဲနှုတ်ဆက်လာတယ်။
ဒီကောင်လေးက တကယ်ကိုပေါ့ပေါ့ပါးပါးလေးပဲ။

'ဆေးတွေကုန်သွားပြီလား?´

'အင်း´

'ဆေးရုံအုပ်ကြီးက ပြောစရာရှိတယ်ပြောတယ်၊ သူနဲ့ပါတွေ့သွားလိုက်၊ အခုသူ round နေလို့ ခဏတော့စောင့်´

'အင်း ရတယ်´

'အမ်း.... ဒါက ကျတော်ထင်တဲ့သူဖြစ်မယ်ထင်တယ်´

ရိပေါ်က မျက်လုံးလေးတွေမှေးရင်း ပြောင်စပ်စပ်မျက်နှာပေးနဲ့ပြောလာသည်။ ဆိုင်မွန်နင်းအကြောင်းကို ရိပေါ်လည်းသိသင့်သလောက် သိထားသည့်မို့ ရှောင်းကျန့်လည်းသူမလက်ကို ဆုပ်ကိုင်လိုက်ရင်းရယ်ကျဲကျဲနှင့်သာပြန်ဖြေလိုက်သည်။

'အင်း ငါ့ဇနီး´

ရိပေါ်ကခေါင်းညိတ်သည်။ ဆိုင်မွန်နင်းကိုတကူးတကနှုတ်ဆက်ခြင်းမပြုသလို သူမကလည်းနှုတ်ဆက်ခြင်းမပြု။

'တစ်ခုခုသောက်မလား?´

'ရတယ် ကျမသွားဝယ်လိုက်မယ် ဆေးရုံနံ့တွေမခံနိုင်လို့´

သူမထွက်သွားသွားချင်း ရိပေါ်ကမျက်ခုံးပင့်ပြီး ရှောင်းကျန့်ကိုကြည့်လာသည်။
ရှောင်းကျန့်တစ်ချက်ရီလိုက်သည်။

'သိတယ်မှတ်လား မိန်းကလေးတွေက´

'ဒါပေါ့ ဒါတွေကိုပဲ ကျတော်တို့ကလည်း ကြိုက်နေရတာလေ´

မမြင်လို့ မသိတာပါ အချစ်က မင်းအနားမှာ (မမြင်လို့ မသိတာပါ အချစ်က မင်းအနားမှာ)Where stories live. Discover now