အပိုင်း - ၃ (U)

14 0 0
                                    

'ကဖင်းဓာတ်က ခင်များနဲ့မတည့်ပါဘူးဆို၊
သူကခင်များကို ဂရုစိုက်ချင်ယောင်ဟန်ဆောင်နေတာလား? အသေသတ်နေတာလား?'

ည ၉ နာရီအချိန်တွင် သူဌေးကြီးရှောင်းကျန့်ရဲ့ ကြီးမားလှတဲ့အိမ်ကြီးရဲ့ အခန်းတခန်းတွင်တော့ ဝမ်ရိပေါ်ဆိုတဲ့ဆေးရုံအကူလေးက သူဌေးကြီးရှောင်ရဲ့ကျောကို တဖုန်းဖုန်းထုရင်း ပေါက်ကွဲနေတော့သည်။

'အန် အကုန်အန်ပစ်'

တခါလောက်တော့ လောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်လိုက်ချင်တယ်။
ဘယ်သူတွေများ သူ့ဆီပြေးလာမလဲပေါ့။
ခဏလောက်ပြတ်တောက်နေရင်းနဲ့ အပြီးဖြစ်သွားလည်း အဆင်ပြေပါတယ်။
ဝှီးချဲရဲ့ remote တွေကိုအလုပ်ပေးရင်း ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့ ဆိုင်မွန်နင်းဝယ်ထားပေးခဲ့တဲ့ ကော်ဖီအေးနှစ်ခွက်ကိုသွားတွေ့တယ်။ ထိုကော်ဖီခွက်ကို မျက်မှောင်ကျုံ့ပြီးကြည့်နေခဲ့တဲ့ မျက်ဝန်းတစ်စုံကိုတော့ သတိရမိသား။ ကဖင်းဓာတ်နဲ့မတည့်ကြောင်း ဆိုင်မွန်နင်းကဘယ်သိပါ့မလဲ။ သူမကသူနဲ့ စာချုပ်အရပဲလက်ထပ်ထားတဲ့ သူ့ဇနီးလေ။
ကော်ဖီကိုသောက်လိုက်ပေမဲ့ လက်ပက်ကိုချွတ်ဖို့ မေ့သွားတဲ့ သူ့ကိုယ်သူစိတ်နည်းနည်းတော့တိုမိတယ်။ ဘာလို့ဒီလောက်လောနေခဲ့မိတာလဲလို့။ နာကျင်နေရက်နဲ့ အိမ်အပေါ်ထပ်ကိုတဒုန်းဒုန်းပြေးတက်လာတဲ့ခြေသံတွေကိုလည်း ကြားတယ်။ ဘာလို့မြန်မြန်ကြီးရောက်လာကြတာလဲ။ အခုမှ အလွန်ဆုံးကြာ ခုနှစ်မိနစ်လောက်ပေါ့။

သန့်ရှင်းရေးလုပ်ပြီး အဝတ်အစားတွေလဲ၊ ဆေးပါတိုက်ပေးပြီးသော်လည်း ဝမ်ရိပေါ်ကမပြန်သေး။ ကျိုးချန်လာမှပြန်မယ်တဲ့။ ဆေးအရှိန်ကြောင့်လူကနည်းနည်းမှိန်းလာခဲ့တယ်။ ထိုကောင်လေးကတော့ ဆေးရုံဝတ်စုံလေးနဲ့ပဲ။

'အိပ်ချင်ပြီလား?'

ဝှီးချဲပေါ်မျက်လုံးတွေမှေးစင်းနေတဲ့သူ့ကို ရိပေါ်ကသတိထားမိတယ်။ ဝှီးချဲကို ကုတင်နားရွေ့ပေးပြီး သူ့ခြေထောက်နှစ်ချောင်းကြား ရိပေါ်ရဲ့ခြေထောက်တစ်ဖက်က ဝင်နေရာယူတယ်။ ချိုင်းအောက်ကို လျှိုဝင်လာတဲ့ လက်နှစ်ဖက်။ ပြီးတော့သူ့ကိုဆွဲမတယ်။
ရှောင်းကျန့်ကအလိုက်သင့် သူ့ရဲ့ပုခုံးတွေကိုဖက်တွယ်ထားလိုက်တယ်။ ပိန်ပိန်သေးသေးကောင်လေးရဲ့ လည်တိုင်ကျော့ကျော့မှာ မျက်နှာကရောက်သွားတယ်။

'အခုထိဒူးတွေတုန်နေတုန်းပဲလား?'

'ခင်များအရပ်က အရမ်းရှည်နေလို့ပါ'

'မင်းရဲ့ ကိုယ်သင်းနံ့ကကောင်းတယ်'

ဝမ်ရိပေါ်က ဘာမှမပြောဘဲ သူ့ရဲ့ခြေထောက်တွေကိုဆွဲတင်ပေးပြီး သူ့ကိုသေချာလှဲသိပ်တယ်။ ပြီးတော့ စောင်ပါသေချာခြုံပေးတယ်။ အခန်းအပူချိန်ကိုလည်း သေချာပြန်ညှိပေးတယ်။

'ရိပေါ် duty ထွက်ပြီးလား?'

'အင်း'

'ရေချိုးသွားလေ ပြီးရင် ဗီရိုထဲမှာ မင်းအဆင်ပြေတာ ယူဝတ်လိုက်၊ နောက်နေ့မှပြန်ပေး'

ဝမ်ရိပေါ်က မငြင်း။ ရှောင်းကျန့်ကမျက်လုံးတွေမှိတ်ထားရင်း ကိုယ့်အခန်းထဲက တခြားလူတစ်ယောက်ရဲ့လှုပ်ရှားမှုတွေကို နားစွင့်နေမိသည်။
အရမ်းအိပ်ချင်နေတဲ့မျက်လုံးတွေက မဖွင့်နိုင်တော့ပေမဲ့ မှိတ်ထားရင်တော့ အဆင်ပြေနေသေးသည်။
နာရီချွတ်သံ၊ အဝတ်တွေချွတ်သံ၊ ရေချိုးခန်းဘက်လမ်းလျှောက်သွားသံ၊ ရေကျသံ၊ ပြီးတော့ ရှောင်းကျန့်အိပ်ပျော်သွားခဲ့သည်။
ဝမ်ရိပေါ်က ကော်ဖီတွေဟာ ဆိုင်မွန်နင်းကြောင့် သူသောက်မိကြောင်းပဲသိခဲ့လိမ့်မယ်။ သူကိုယ်တိုင်သောက်ခဲ့ကြောင်းတော့ ဘယ်တော့မှပြောဖြစ်လိမ့်မယ် မထင်။ အချစ်ရေ တခါလောက်တော့ မင်းကိုလွှဲချခွင့်ပြုပါ။ ငါတစ်ယောက်ယောက်ရဲ့ဂရုစိုက်ပေးတာကို ခံချင်ရုံပါ။

မိုးလင်းတော့ ကျိုးချန်ပြင်ပေးသည့်မနက်စာကိုစားရင်း ရိပေါ်ကိုမေးတော့

'ငါရောက်ဆို သူချက်ချင်းပြန်သွားတာပဲ'

ရှောင်းကျန့်မသိမသာ နှုတ်ခမ်းစူရင်း မေတ္တာပို့လိုက်မိသည်။












မမြင်လို့ မသိတာပါ အချစ်က မင်းအနားမှာ (မမြင်လို့ မသိတာပါ အချစ်က မင်းအနားမှာ)Where stories live. Discover now