*For Life*
(အသက်ကိုရင်း၍){2short)"အားလုံးသတိထားပြီးလှုပ်ရှားပါ...သူတို့ကအပေါ်စီးကဖြစ်နေတယ်...မင်းတို့လက်နက်တွေသေချာစစ်ထားပြီမလား....အေခြနေကြည့်ရတာဒီညနေဟိုကောင်တွေဘက်ကစတိုက်ဖို့များတယ်"
"ဟုတ်ကဲ့ဗိုလ်ကြီးးးလာစမ်းပါစေဗျာ...အဲ့ကောင်တွေကိုအမျိုးဖြုတ်ချင်နေတာကြာလှပြီ....ခုတောင်လက်တွေယားနေတာ...မစောင့်နိုင်တော့ဘူး"
"အေးပါ...သိပ်မစောင့်ရတော့ပါဘူး"
"ဗိုလ်ကြီးရေနောက်တန်းကစာပါတယ်ဗျ"
"ဟားးးငါတို့ဗိုလ်ကြီးရဲ့ချစ်သူဆီကစာဖြစ်မယ်...ဗိုလ်ကြီးအလွမ်းပြေတော့မှာပေါ့ကွာ"
ကျွန်တော်စစ်သည်တွေကိုစကားပြောနေတုန်းနောက်တန်းပေးအဖွဲ့ကပါလာတဲ့ချစ်ရသူဆီကစာကိုယူကာကျွန်တော့်ဆီအပြေးလာပေးတဲ့စစိသည်တစ်ယောက်ကြောင့်ရင်ထဲကြည်နူး၀မ်းသာမှုတို့လှိုက်ခနဲ။ကျွန်တော့်ကို၀ိုင်းစနေတဲ့စစ်သည်တွေရဲ့အသံကိုလည်းကျွန်တော်ဂရုမစိုက်နိုင်တော့ဘူး။တပ်သားစိုးမြင့်လာပေးနဲ့စာလေးကိုယူပြီးးသစ်ပင်တစ်ပင်ရဲ့ခြေရင်းကိုသွားလိုက်တယ်။ကိုယ်ပေါ်လွယ်ထားတဲ့MA3ကိုသစ်ပင်ဘေးမှာထောင်လိုက်ပြီးးစာရွက်ခေါက်လေးကိုဖွင့်လိုက်တော့ချစ်ရသူရဲ့လက်ရေး၀ိုင်း၀ိုင်းလေးတွေ ......
"ကိုကို....အဆင်ပြေရဲ့လား...ဒီတစ်ခေါက်စစ်ဆင်ရေးကအရမ်းကြာသလိုဘဲနော်.....ကိုကိုနေရောကောင်းရဲ့လားးးကျန်းမာရေးကိုလည်းဂရုစိုက်ပါ.....ကျွန်တော်အရင်လလ၀က်လောက်ကကိုကို့တပ်ရင်းဆီသွားသေးတယ်....ကိုကိုစစ်ဆင်ရေးထွက်သွားပြီတဲ့.....သွားတာတောင်ဘာမှမပြောသွားဘူးနော်....စိတ်ကောက်ချင်ပေမယ့်ကျွန်တော့်ကိုကိုကိုစိတ်မကောက်ရက်ပါဘူးဗျာ.....ဒီတစ်ခေါက်စစ်ဆင်ရေးထွက်ရတဲ့နေရာကအရမ်းအန္တရာယ်များတယ်လို့့ကြားတယ်....ကိုကိုနဲ့စစ်သည်အားလုံးဘေးအန္တာရာယ်ကင်းကင်းနဲ့ပြန်လာနိုင်ဖို့ကျွန်တော်ဆုတောင်းပေးနေပါ့မယ်.......အရမ်းလွမ်းတယ်ကိုကို...ပြီးတော့အရမ်းချစ်တယ်....အောင်ပွဲနဲ့အတူပြန်လာမယ့်ကျွန်တော့်ရဲ့စစ်သားကိုကိုကိုကျွန်တော်စောင့်နေပါ့မယ်......
ကိုကိုရဲ့၀မ်လေးးးးး
ကိုကိုလည်းလွမ်းပါတယ်၀မ်လေးရယ်။နှုတ်မဆက်ဖြစ်တာကရုတ်တရက်စစ်ဆင်ရေးမို့ပါ။ကိုကိုတို့လိုတပ်မတော်သားတွေမှာလည်းချစ်တတ်တဲ့နှလုံးသားရှိပါတယ်။ဒါပေမယ့်အချစ်ရေးထက်စစ်ရေးခက်နေတဲ့အခြေအနေမှာနှလုံးသားရေးထက်တိုင်းပြည်ငြိမ်းချမ်းရေးကိုဦးစားပေးနေရတယ်။အောင်ပွဲနဲ့အတူပြန်လာခဲ့မှာမို့သေသေချာချာစောင့်နေပေးပါ။
တိုက်ပွဲမစမီတစ်နာရီအလို...."အားလုံးနားထောင်ပါ......တိုက်ပွဲဖြစ်လာမယ့်အချိန်ကိုငါတို့ကြိုတင်တွက်စလို့မရနိုင်ဘူးး.....ငါတို့ရင်ဆိုင်ချေမှုန်းရမယ့်ရန်သူ့အင်အားကငါတို့ထက်များချင်လည်းများမယ် ...နည်းချင်လည်းနည်းမယ်.....တိုက်ပွဲတစစ်ခုမှာအင်အားနည်းတာများတာကအဓိကမကျဘူး...တိုက်ရည်ခိုက်ရည်|ရဲစွမ်းသတ္တိနဲ့စိတ်ဓာတ်ခံယူမှုကသာအဓိကဖြစ်တယ်....ပြည်သူတွေကိုအမျိုးမျိုးဒက္ခပေးနေတဲ့ရန်သူတွေကိုချေမှုန်းပစ်ရမှာကငါတို့ရဲ့သမိုင်းပေးတာ၀န်ဘဲ.....ခဏနေငါကိုယ်တိုင်မင်းတို့ရေ့ကဦးဆောင်မယ်....နှစ်နာရီလောက်ကြာရင်လေကြောင်းအကူလာလိမ့်မယ်.....တပ်မတော်ရဲ့ရဲစွမ်းသတ္တိကိုပြသပြီးရန်သူတွေထိခိုက်ကျဆုံးမှုများစွာနဲ့သွေးပျက်ချောက်ချားသွားအောင်လုပ်ဆောင်ပြလိုက်စမ်းပါ.....ပြီးတော့ငါတို့ရဲ့အသက်နဲ့ခန္ဓာကတိုင်းပြည်အတွက်ပေးဆပ်ပြီးသားဖြစ်လို့မသေရဲရင်ဒါမှမဟုတ်မစွန့်လွှတ်ရဲရင်ကြောက်တတ်ရင်နေခဲ့လို့ရတယ်.....ဘာမရှင်းတာရှိသေးလဲ"
"မရှိပါဘူးးးး"တုံးတိုက်တိုက်ကျားကိုက်ကိုက်"အစွမ်းကုန်ချေမှုန်းပစ်မယ်"
ကျွန်တော့်စစ်သည်တွေရဲ့စကားကိုကြားရတာကျွန်တော်တကယ်၀မ်းသာမိတယ်။သံမဏိစိတ်ဓာတ်ပိုင်ရှင်တွေကိုအမိတိုင်းပြည်ကပိုင်ဆိုင်ထားတယ်။ကျွန်တော်စစ်သည်တွေကိုမှာကြားပြီးတာနဲ့ကိုယ့်နေရာကိုပြန်လာပြီးးးရန်သူ့ဘက်ကစတင်တိုက်ခိုက်လာမည့်အချိန်ကိုစောင့်ရင်းးးးးးး
Next to final part......>>>>
ရေးချင်လို့ရေးတာဖတ်ချင်မှဖတ်ပါ