For Life (Extra)

366 11 2
                                    

*For Life*(အသက်ကိုရင်း၍)
Extra

ကျွန်တော့်အသံကြားမှမော့ကြည့်လာတဲ့ကိုကိုဟာအရမ်းအံ့သြသွားပုံပါ။ကျွန်တော်ကိုကို့ဆီပြေးသွားပြီး၀မ်းသားအားရပြေးဖက်လိုက်မိတယ်။

"ကိုကို"

"အ..၀မ်လေး"

"ဟင်..ကိုကိုဘာဖြစ်လို့လဲ...ဒဏ်ရာထိမိလို့လား"

"ရပါတယ်၀မ်လေးရဲ့...ဒါနဲ့၀မ်လေးကဘယ်လိုသိပြီးရောက်လာတာလဲ"

"အဟင့်...လူဆိုးကြီးးးသွားတုန်းကလည်းဘာမှပြောမသွားဘူးးဒဏ်ရာရတော့လည်းသူများပြောမှသိရတယ်..၀မ်လေးကိုအလေးမထားတာလားဟင်"

"မဟုတ်ပါဘူးး၀မ်လေးရယ်....အသွားတုန်းကနှုတ်မဆက်ရတာကစစ်ဆင်းရေးကရုတ်တရက်ပေါ်လာတာမို့ပါ...အခုကိစ္စကိုအသိမပေးဘူးဆိုတာကလည်း၀မ်လေးကိုကို့အတွက်အရမ်းစိတ်ပူနေမှာစိုးလို့ပါ"

"ဟီးးးအဟင့်..အဟင့်...ခုနောက်မှသိရတော့လည်းစိတ်ပူရတာဘဲလေလူဆိုးကြီးရဲ့...အဲ့လိုများများလုပ်သိလား...၀မ်လေးရှောခ့်ရပြီးသေသွားလိမ့်မယ်...သတင်းကြားကြားချင်းဘယ်လောက်စိတ်ပူသွားတယ်မှတ်လဲ"

"အာ...ဟုတ်ပါပြီကွာ...တိတ်တိတ်ငိုတာကလှလည်းမလှဘူး...အစထဲကမှရုပ်ဆိုးပါတယ်ဆို..ခုငိုလိုက်တော့နှပ်တွေပေပြီးပိုဆိုးသွားပြီ....မငိုနဲ့တော့နော်..၀မ်လေးကလိမ္မာတယ်..ဒီမှာကိုယ့်ကိုကြည့်...အကောင်းကြီးဘဲတွေ့လား"

ကျွန်တော်စိတ်အရမ်းပူနေမှန်းသိလို့ဒဏ်ရာရတဲ့လက်ကိုမြှောက်လိုက်ချလိုက်လုပ်ပြနေတဲ့ကိုကိုရယ်ပါ။ကိုကိုစလို့စိတ်ဆိုးဖို့လည်းသတိမရတော့ဘူး။

"ကျေးဇူးပါကိုကို....၀မ်လေးဆီပြန်လာပေးလို့...ပြီးတော့အရမ်းအရမ်းချစ်တယ်..နောက်တစ်ခါဘယ်လိုကိစ္စဘဲရှိရှိ၀မ်လေးကိုဘာမှမပြောဘဲမနေပါနဲ့ကိုကိုရယ်"

"ဟုတ်ပါပြီဗျာ"

One month Later;

ဒီနေ့ကျွန်တော်နဲ့၀မ်လေးရဲ့လက်ထပ်ပွဲလေးပါ။သူများတွေလိုHotelကြီးမှာတစ်ခမ်းတစ်နားကြီးမကျင်းပဖြစ်ပေမယ့်တပ်ရင်းကခန်းမလေးမှာတော့တပ်မိသားစုအားလုံးရဲ့၀ိုင်း၀န်းကူညီမှုနဲ့အတူပျော်ရွှင်စရာကောင်းတဲ့မင်္ဂလာပွဲလေးတော့ကျင်းပနိုင်ခဲ့ပါတယ်။ပကာသနမပါတဲ့မင်္ဂပွဲလေးဟာအားလုံးရဲ့မေတ္တာတရားကြောင့်ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မင်္ဂလာပွဲလေးဖြစ်ခဲ့သလို.....

You've reached the end of published parts.

⏰ Last updated: Nov 18, 2020 ⏰

Add this story to your Library to get notified about new parts!

For Life(အသက်ကိုရင်း၍)Where stories live. Discover now