{Unicode}
နတ်အိုကြီးက သူ့နဖူးပေါ် အဖြူရောင်လက်ကိုင်ပုဝါကို ဖိထားရင်း အိပ်ရာပေါ် လဲနေကာ မျက်ရည်တွေနဲ့ ငိုယိုအော်ဟစ်လေသည်။
"ငါတော့ သွားပြီ။ ငါတော့ သွားပြီ။ ကောင်းကင်ဘုံကနေ ငါ့ကို အပြစ်ပေးတော့မယ်!"ပန်းနတ်ဘုရားငယ်လေးက သူ့ရဲ့ခေါင်းကိုင်ဖခင်ကို မထီမဲ့မြင်ကြည့်လာသည်။
"ဒီလို အသေးအဖွဲကိစ္စလေးကို ဖခင်က တကယ်ကြီး မူးလဲသွားရတယ်လို့...။"
သူက ပိုင်ရှီ့ရဲ့ ခါးကိုဖျစ်ညှစ်လိုက်ပြီး
"ခေါင်းကိုင်ဖခင်အတွက် ရေထည့်ပေးလိုက်လေ။"ပိုင်ရှီ့က ရေနွေးတစ်ခွက် လောင်းထည့်ပြီး နတ်အိုကြီးဆီ ကမ်းပေးလာသည်။
ယွဲ့လောင်လည်း အငွေ့တလူလူ ထနေတဲ့ ခွက်ကို ကိုင်ထားတဲ့ ဧကရာဇ်ရဲ့ လက်ချောင်းနွေးနွေးလေးတွေကို ကြည့်ရင်း သူ နည်းနည်းလောက် ထပ်ငိုချင်လာမိသည်။
ပိုင်ရှီ့က မျက်မှောင်ကြုတ်သည်၊ ဒီရေခွက်က အရမ်းကို ပူနေတယ်လို့ ခံစားရတာကြောင့် အေးသွားအောင် ခဏစောင့်နေလိုက်သည်။
နတ်အိုကြီးက တုန်ယင်နေပြီး ခေါင်းတောင်မမော့ရဲပေ။ ဒါကို ပိုင်ရှီ့ မြင်တဲ့အခါ သူ မမေးမိဘဲ မနေနိုင်တော့ချေ။
"ခေါင်းကိုင်ဖခင်က ကျုပ်ကို ကြောက်နေတာလား။"ငါက မင်းကို ကြောက်နေတာ မဟုတ်ဘူး...၊ ပန်းနတ်ဘုရားအိုကြီးကို ကြောက်တာ...!
ရေသောက်ပြီးတဲ့အခါ သူ အားအင်ပြန်ပြည့်လာသလို ခံစားလိုက်ရသည်။
"မဟုတ်ပါဘူး၊ ဧကရာဇ်က ကျန်းယွင်အပေါ် ကောင်းပေးနေသ၍ ခေါင်းကိုင်ဖခင်မှာ ဘာထင်မြင်ချက်မှ မရှိပါဘူး။"ပိုင်ရှီ့ရဲ့ လေသံက ပို၍ပင် ပျော့ပျောင်းသွားသည်။
"ကျုပ်က သူ့အပေါ် သေချာပေါက် ကောင်းပေးမှာပါ။"နတ်အိုကြီးက ခေါင်းကို အသာမော့ကာ ဧကရာဇ်ကို ကြည့်လာသည်။ ဧကရာဇ်ရဲ့ အေးစက်နေကျဖြစ်တဲ့ မျက်နှာကြီးက နူးညံ့ပျော့ပျောင်းနေတာကို မြင်လိုက်ရတဲ့အခါ ချစ်တယ်ဆိုတာက တကယ်ကို မကောင်းမှုအကုသိုလ်ပဲလို့ သူ တွေးမိသည်။ ဧကရာဇ်က သူတို့ကို ဧည့်ဝတ်ပြုပြီး အလိုက်သင့်ဆက်ဆံနေတာလို့သာ သူ ထင်ခဲ့တာ ဖြစ်သည်။
YOU ARE READING
ပန်းနတ်ဘုရားငယ်နှင့် ဧကရာဇ်အရှင် {မြန်မာဘာသာပြန်}
Short Story小花神和帝君 >> 大青Q3 Status - 15 chapters + 1 side story This is just a pure fan-translation.