Ep 7(Unicode)

187 25 0
                                    

'ဘယ်လိုလဲ...?okလား....?'

ကျောင်းရောက်ရောက်ချင်း Luhan နဲ့ Chanအမေးကို သူနှာခေါင်းရှူံ့လိုက်ကာ.....

'ဘာကိုokရမှာလဲ...? ငါမူးနေတာဘာမှတောင်မသိလိုက်ဘူး....'

သူ့စကားကြောင့် Luhanနဲ့ Chanက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ Luhanကဆက်ပြောသည်။

'ဒါဆို မင်းတို့ဘာမှမဖြစ်ခဲ့ဘူးပေါ့လေ....!?'

'ဘာကိုဖြစ်ရမှာလဲ..? Luhan မင်းကိုငါသိပ်ကြည်တာမဟုတ်ဘူးနော်.....?'

'စောက်ဖြစ်သည်းမနေနဲ့ ဂျပု....မင်းကိုငါက Jong In
နဲ့နီးစပ်အောင်လုပ်ပေးနေတာ....ဘာလဲ မင်းက
Jong In မိန်းမယူကလေးမွေးပြီးမှ အဲကလေးကို
သားသား ဦးဦးကသားသားအဖေကို အရမ်းချစ်ခဲ့တာဆိုပြီး သောက်ခွက်သွားပြောင်မလို့လား....!?'

Luhanရဲ့ဒေါသတကြီးစကားအဆုံး သူနင်တောင်နင်သွာရသည်။ သို့ပေမဲ့ Luhanစကားတွေကအမှန်တွေမို့ သူငြိမ်နေတော့ ဘေးကChanမှာ ရီနေလေသည်။

'ရီမနေနဲ့....မနေ့က Yi Fan hyung နဲ့အခြေအနေ
ဘယ်လိုလဲ....?'

သူ့စကားက Chanဆီရောက်သွားတော့ သူအရီတိတ်သွားကာ သက်ပြင်းခပ်ဖွဖွချလိုက်လေသည်။
ဘာလား....ဒီကောင်ကဘာတွေများစိတ်ရှုပ်စရာရှိလို့
မျက်နှာညိုးသွားရတာလဲ.....။

'အဲလူကြီးက ငါ့ကိုလက်ထပ်ချင်ပုံမရဘူးကွ...'

'ဟမ်!?'

Chanစကားကြောင့် သူရော Luhanရော အာမေဋိတ်အသံအသီးသီးထွက်လာကြလေသည်။ Chan
ကသက်ပြင်းနောက်တစ်ချက်ချကာ ဆက်ပြောလေသည်။

'သူ့မှာ ချစ်သူရှိတယ်တဲ့...မနေ့ကမျက်နှာပျက်နေတယ်..ငါ့ကိုငြင်းပေးနိုင်မလားလို့ပြောတယ်...'

'ဒါဆိုမင်းသဘောကရော....!?'

'ငါလား!? သူ့သဘောဘဲလို့ပြောလိုက်တယ်....'

'မင်း Yi Fan hyung ကိုသဘောမကျဘူးလား...?'

'အေးလေ...Chan ငါကမင်းသဘောကျတယ်ထင်တာ...'

'အင်း...ငါသဘာကျတာပေါ့...မဟုတ်ရင်ငါ အစကတည်းကငြင်းခဲ့မှာ....ငါအဲလူကြီးကိုမြင်ခဲ့တဲ့အချိန်ကစပြီး ငါအရမ်းသဘောကျခဲ့လို့..'

'ဒါဆို မင်းဘယ်လိုလုပ်မှာလဲ...!?'

'မသိဘူး Kyung Sooရာ ငါငြင်းပေးလို့သူပျော်မယ်ဆို ငါငြင်းပေးရတာတန်မယ်ထင်တာဘဲ...'

'ဒါဆို မင်းအဆင်ပြေလိမ့်မယ်ထင်လား Chan...'

'ဟုတ်တယ်.....Luhanပြောတာမှန်တယ်....
မင်းသေချာစဉ်းစားကြည့်အုံး ....Chan.....'

'အင်းပါကွာ.....'

______________________________________

'ဟေ့ကောင်....မင်းဘာလို့ကျောင်းမလာတာလဲ...?'

လူမမြင်ခင် အသံပါဝါနဲ့အတူမိမိအခန်းသို့ဝင်လာသော
Jong Dae ကြောင့် ကုတင်ပေါ်လှဲနေရာမှထထိုင်လိုက်ကာ ခေါင်းအုံးကိုယူ၍ရင်ခွင်ပိုက်လိုက်သည်။

'အနားယူနေတာပေါ့ကွာ.....'

သူ့ဖြေသံကရယ်သံစွတ်နေပြီး သူပုံစံကသေချာပေါက်
ပြုံးစိစိဖြစ်နေမှာမလွှဲမသေပင်။ Jong Daeက သူ့ကို
အကဲခတ်သလိုကြည့်ကာ ကုတင်ပေါ်တက်ထိုင်လိုက်သည်။

'မနေ့က ပျော်စရာတစ်ခုခုဖြစ်ခဲ့လို့လား....?'

'ဆိုပါတော့.....'

'ကြည့်ပါအုံး....မျက်နှာကပုရွက်ဆိတ်တောင်တက်တော့မဲ့အတိုင်းဘဲ.....ဘယ်လိုဖြစ်နေတာလဲ....
ငါကတော့ ကျောင်းတောင်မလာနိုင်ဘူးဆိုတော့ နေမကောင်းဖြစ်နေတယ်မှတ်တာ.....ဒါနဲ့မနေ့က မင်းနဲ့
Kyung Soo အခြေအနေကရော....!?'

Chenစကားကြောင့် Kyung Sooနိုးလာတုန်းက
အကန်ခံလိုက်ရတာတွေးမိပြီး မျက်နှာရူံ့မဲ့လိုက်သည်။

'နာတယ်ကွ....!'

Jong Inစကားကြောင့် Chenမျက်လုံးပြူးကျယ်သွားကာ တွေးလိုက်မိသည်က.....

ဗုဒ္ဓေါ.. ..ငါကJong Inကိုလူကောင်ကြီးတယ်ဆိုပြီး
Semeထင်ထားတာ Ukeဖြစ်သွားတာဘဲ....
ငါ့သူငယ်ချင်းလေးသနားပါတယ်...အရမ်းနာနေရှာမှာ..

'ခုရောသက်သာပြီလား....ပထမဆုံးမို့ပါကွာ...
ငါတောင်မထင်ထားဘူး....'

'သက်သာပါပြီ...ထခါနီးခဏလေးဘဲနာတာ...ငါဆေးလိမ်းထားပါတယ်....ငါလည်းမထင်ထားဘူးလေ...
ရုတ်တရက်ဆိုတော့....'

'အေးပေါ့....မင်းလည်းလန့်သွားမှာပေါ့....Kyung Sooရော..!?'

'မနက်ကတည်းကနေ ထွက်ပြေးသွားပြီ....ငါ့အထင်သူရှက်ပြီးအားနာသွားတာဖြစ်မယ်....'

ငါ့သူငယ်ချင်းကိုလုပ်တုန်းကလုပ်ပြီးတော့ သူကဘဲရှက်ပြီးထွက်ပြေးရတယ်ရှိသေး.....Do Kyung Soo
အကျင့်မကောင်းတဲ့အကောင်......

Oh my Crush[Complete]Where stories live. Discover now