'အဲဒီတော့ မင်းပြောချင်တာကဒါတွေဟာ Chenရဲ့
စကားတွေကြောင့်ပေါ့လို့ပြောချင်တာလား....?''အင်း....'
Kyung Sooရဲ့အသံကထွက်တောင်မထွက်တော့ချေ။ Kyung Sooဘေးမှ Chenမှာလည်း ကိုယ့်အပြစ်ကိုသိကာ ခေါင်းငုံနေလေပြီ။ Chanနဲ့ Luhan
မှာတော့ ငြိမ်၍နားထောင်နေကြလေသည်။ထိုးကိုက်လာသောနားထင်ကိုလက်ဖြင့်ဖိချေကာ မျက်လုံးမှိတ်ပြီး နောက်ကိုမှီချကာသက်ပြင်းတစ်ချက်ချလိုက်သည်။ လူကြီးတွေကတော့ သူ့တို့ကိုလူငယ်ချင်းဆွေးနွေးရန်ဟုပြောကာ ခြံထဲဆင်းသွားကြလေသည်။
'ကဲ...ခုဘယ်လိုလုပ်ကြမလဲ....?ဟမ်...!'
Jong Inစကားကြောင့် သူ့တို့တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြန်ငြိမ်သွားကြပြန်သည်။
'ငါတော့ရှုးချင်လာပြီ.....ခုလူကြီးတွေကိုဘယ်လိုပြောကြမလဲ.....အားလုံးစီစဉ်နေကြပြီ....'
'မင်းတို့၂ယောက်လက်ထပ်လိုက်ကြတော့....'
'ဟမ်!!'
'ဘာ...!!'
Luhanစကားကြောင့် အာမေဋိတ်အသံတွေကိုယ်စီထွက်သွားကြလေသည်။ Luhanကတော့ မျက်နှာသေနဲ့ ဆက်ပြောနေသည်။
'ဟုတ်တယ်လေ....ခုမှပြန်မှားတယ်ပြောရင် လူကြီးတွေကိုလည်းအားနာအုံး....ယူလိုက်ကြတော့ ဘာဖြစ်မှာမို့လဲ...'
ထိုစကားကို Chen နဲ့ Park Chanကထောက်ခံကြလေသည်။ Kyung Soo နဲ့ Jong Inကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ Kyung Sooက
ဘာမှမပြောပေမဲ့ Jong Inဆီမှအသံထွက်လာလေသည်။'ဘာ...ဘာလို့လက်ထပ်ရမှာလဲ...ငါ့တိုအထက်တန်းတောင်မပြီးသေးဘူးလေ....'
'ဒါဆိုမင်းက တက္ကသိုလ်တက်ရင်တော့လက်ထပ်မယ်ပေါ့...ဟုတ်လား...!?'
Chan၏ ဒဲ့မေးမူကို Jong In တံတွေးတွေအတင်းမြိုချကာ ထစ်ထစ်အအငြင်းပြန်သည်။
'ဘာ...ဘာတွေမေးနေတာလဲ.. .....အနည်းဆုံးတော့ကျောင်း...ကျောင်းပြီးထိနေသင့်တယ်မလား....'
ထိုစကားအဆုံး အားလုံးအကြည့်က Jong Inဆီစုပြုံလာကြသည်။
ဘာလဲ....သူစကားမှားသွားပြီလား....ဗုဒ္ဓေါ.. .
ကယ်တော်မူကြပါ....ဘာလို့ဝိုင်းပြီးအမူစစ်သလိုမေးနေကြတာလဲ......