၁ + ၂

3 0 0
                                    

ကောင်းကင်ကြီးလောက်ချစ်ခဲ့တယ်

-

(၁)

ရေပတ်လည် ဝိုင်းနေတဲ့ ကျွန်းမြို့လေး က ကျွန်တော့် ဇာတိ။ ဒါပေမယ့် ကျွန်တော်ငယ်ငယ်ထဲက အဲ့ဒီမြို့လေးကနေ ပြောင်းခဲ့ရတယ်။ လေတိုက်ရာ လွင့်ခဲ့ရတဲ့ သစ်ရွက်အကြွေတွေလိုပဲ အဖေ က ဝန်ထမ်းဆိုတော့ တာဝန်ကျရာ မြို့ တကောက်ကောက်လိုက်ရတာပေါ့။ ကျွန်တော်ဆိုတဲ့ သစ်ရွက်အကြွေဟာ ဇာတိမြို့ကို ပြန်ရောက်တော့ အထက်တန်းကျောင်းသားဖြစ်နေခဲ့ပြီ။

နွေဦးရဲ့ လေရူးက တသုန်သုန်နဲ့ ပူအိုက်တဲ့ ဥတုနေ့စွဲတွေထဲက တစ်ရက်ပေါ့။ ကျွန်တော် ကျူရှင် စတက်တဲ့ ပထမဆုံးရက်မှာ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးကို စတွေ့ ခဲ့တယ်။ သူမ စက်ဘီးနင်းတဲ့ အခါ လေပြေတွေရဲ့ ပြုစားမှုကြောင့် အနက်ရောင်ဆံနွယ်ရှည်တွေ လွင့်နေတတ်တယ်။ စာတော်တယ်၊ လှယဉ်တယ်၊ အတန်းထဲက အတော်ဆုံး ကျောင်းသားက တဖတ်သတ် ချစ်နေတယ် စသည်ဖြင့် ပန်းသတင်းဆိုတော့ ကျွန်တော့်နားထဲ လေညှင်းက ဆောင်သပေါ့။ ကျွန်တော်က မြို့ကို အသစ်ပြောင်းလာတဲ့ ကျောင်းသားချာတိတ်လေး တစ်ယောက်ထက် မပိုပါဘူး။ အနေအေးပြီး စကားနည်း၊ အရယ်အပြုံးနည်း၊ အပေါင်းအသင်းနည်းတဲ့ သာမန်ချာတိတ်လေးပါပဲ။

‌ကျောင်းတွေစဖွင့်တဲ့ ဇွန်လရဲ့ မိုးနေ့ တစ်ရက်။ ကျွန်တော့်အတွက် ကျောင်းအသစ်၊ ပတ်ဝန်းကျင်အသစ်၊ အတန်းဖော်အသစ်တွေနဲ့ အရာရာဟာ လတ်ဆတ်နေခဲ့ပါတယ်။ ကျူရှင်ကြိုတက်ထားခဲ့တော့ ယောင်္ကျားလေး သူငယ်ချင်းအနည်းငယ်တော့ ရနေခဲ့ပြီ။ အသစ်အသစ်တွေကြားမှာ အေးတိအေးစက် ကျင်လည်ရင်းနဲ့ အသားမကျတဲ့ ရက်စွဲတစ်ချို့ကို ဖြတ်သန်းခဲ့ပြီးနောက် အတန်းထဲက လူတော်တော်များများ ကျွန်တော့်ကို သတိထားမိမဲ့ အချိန်တစ်ခုကိုရောက်ခဲ့တယ်။ အင်္ဂလိပ်စာသင်ချိန်တစ်ခုမှာ ဆရာမ ခိုင်းလို့ ကျွန်တော် စာတစ်ပုဒ် ဖတ်ပြခဲ့ရတယ်။ ကျွမ်းကျင်နေတဲ့ဘာသာရပ်ဖြစ်တာကြောင့် လေယူလေသိမ်းက သဘောကျစရာဖြစ်ခဲ့ကာ တစ်ခန်းလုံး ငြိမ်ကျသွားပြီး နားထောင်နေခဲ့ကြတယ်။ နေ့လည်ကျောင်းဆင်းတော့ ‌မိုက်တယ် ဘာညာ နဲ့ ကျောင်းသားတစ်ချို့လာမေးကြ၊ ကောင်မ လေးတစ်ချို့စာအုပ်ငှားကြနဲ့။ ဒီလိုနဲ့ ကျွန်တော် လည်း သူငယ်ချင်းတွေနဲ့ ပိုရင်းနှီးပြီး တဖြည်းဖြည်း အသားကျလာခဲ့တယ်။

ကောင်းကင်ကြီးလောက်ချစ်ခဲ့တယ်Where stories live. Discover now