One short(Zawgyi)

3.7K 101 16
                                    

(A.N-One shortဖြစ်​တာ​ကြောင့်​ Zawgyiတစ်​ပိုင်းUnicodeတစ်​ပိုင်းခွဲတင်​ထားပါတယ်​ Unicodeက​နောက်​တပိုင်းမှာပါ😊)

ဝေါ ​ဝေါ...ဂျူန်းဂျူန်း
မိုးခြိမ်းသံများမိုးရွာသံများဖြင့်​သာအုပ်​စိုးထား​သောပတ်​ဝန်းကျင်​တွင်​သစ်​ပင်​​တွေမှသစ်​ကိုင်းအချို့ကလည်းကျိုးကျ​နေသလို မြက်​ပင်​​တွေကလည်း​လေယူရာယိမ်းနွဲ့​နေကြ​လေသည်

ညဖက်​ဖြစ်​၍ပတ်​ဝန်းကျင်​ကလည်း​မှောင်​မိုက်​​နေကာတိတ်​ဆိတ်​​နေကြပြီးအိမ်​ကြီးတစ်​အိမ်​ရဲ့အထဲတွင်​​တော့

ဝုန်း💢

"ငါ့ကိုမသတ်​ပါနဲ့...​တောင်းပန်​ပါတယ်​ မင်းခိုင်းတာမှန်​သမျှငါလုပ်​ပါ့မယ်​..​ကျေးဇူးပြုပြီးငါ့ကိုလွတ်​​ပေးပါ..."

"ဟက်​..."

ဒုန်း💢

ရဲရင့်​က​ခပ်​မဲ့မဲ့ပြုံးလိုက်​ပြီး သူ့ကိုမသတ်​ဖို့​ဒူး​ထောက်ပြီး​တောင်းပန်​​နေတဲ့ဝဏ္ဏကို​ခြေ​ထောက်​နဲ့ပိတ်​ကန်​လိုက်​သည်

ဝဏ္ဏကလဲကျသွားပြီးတစ်​ကိုယ်​လုံးမှာလည်းရဲရင့်​ထိုးထားတဲ့ဒဏ်​ရာ​တွေက​သွေးစို့လျက်​ဖြစ်​​နေ​လေသည်​ ​ခြေ​ထောက်​ကလည်းလမ်း​လျောက်​ဖို့အားမရှိ​တော့​သော​ကြောင့်​လက်​နှစ်ဖက်​ကိုသာအားပြုရင်းကြမ်းပြင်​​ပေါ်မှာ​လျောတိုက်​သွားရင်းတံခါးဆီသို့ဦးတည်​​နေရသည်

ရဲရင့်​က ကြမ်းပြင်​​ပေါ်ကဝဏ္ဏကိုခပ်​မဲ့မဲ့ကြည့်​ရင်း ဝဏ္ဏရဲ့​ကျော​ပေါ်သို့​ခြေ​ထောက်​တစ်​ဖက်​ဖြင့်​ဖိထားလိုက်​သည်

"အား....ရဲရင့်​..ငါ..ငါတကယ်​​တောင်းပန်​ပါတယ်​...ငါ့ကိုလွတ်​​ပေးပါ..​တောင်းပန်​ပါတယ်​.."

"...ဟက်​..."

"ရန်​ကိုရန်​ခြင်းမတုံ့ပြန်​ရဘူး​လေ.."

မိုးသားရိပ်​ဆိုတဲ့​ကောင်​​လေးက ရဲရင့်​​ဘေးမှာရပ်​ရင်းရဲရင့်​ကိုကြည့်​ကာပြုံးပြီး​ပြောလာသည်

"မိုးသား..."

Flash back(3 years ago)

ရဲရင့်​တစ်​​ယောက်​ကားကိုမှီကာ​ဆေးလိပ်​​သောက်​ရင်းအ​ငွေ့​တွေကိုဖြည်းဖြည်းချင်းမှူတ်​ထုတ်​​နေ​လေသည်

You are the light of my life(One short )Where stories live. Discover now