(A.N-One shortဖြစ်တာကြောင့် Zawgyiတစ်ပိုင်းUnicodeတစ်ပိုင်းခွဲတင်ထားပါတယ် Unicodeကနောက်တပိုင်းမှာပါ😊)
ဝေါ ဝေါ...ဂျူန်းဂျူန်း
မိုးခြိမ်းသံများမိုးရွာသံများဖြင့်သာအုပ်စိုးထားသောပတ်ဝန်းကျင်တွင်သစ်ပင်တွေမှသစ်ကိုင်းအချို့ကလည်းကျိုးကျနေသလို မြက်ပင်တွေကလည်းလေယူရာယိမ်းနွဲ့နေကြလေသည်ညဖက်ဖြစ်၍ပတ်ဝန်းကျင်ကလည်းမှောင်မိုက်နေကာတိတ်ဆိတ်နေကြပြီးအိမ်ကြီးတစ်အိမ်ရဲ့အထဲတွင်တော့
ဝုန်း💢
"ငါ့ကိုမသတ်ပါနဲ့...တောင်းပန်ပါတယ် မင်းခိုင်းတာမှန်သမျှငါလုပ်ပါ့မယ်..ကျေးဇူးပြုပြီးငါ့ကိုလွတ်ပေးပါ..."
"ဟက်..."
ဒုန်း💢
ရဲရင့်ကခပ်မဲ့မဲ့ပြုံးလိုက်ပြီး သူ့ကိုမသတ်ဖို့ဒူးထောက်ပြီးတောင်းပန်နေတဲ့ဝဏ္ဏကိုခြေထောက်နဲ့ပိတ်ကန်လိုက်သည်
ဝဏ္ဏကလဲကျသွားပြီးတစ်ကိုယ်လုံးမှာလည်းရဲရင့်ထိုးထားတဲ့ဒဏ်ရာတွေကသွေးစို့လျက်ဖြစ်နေလေသည် ခြေထောက်ကလည်းလမ်းလျောက်ဖို့အားမရှိတော့သောကြောင့်လက်နှစ်ဖက်ကိုသာအားပြုရင်းကြမ်းပြင်ပေါ်မှာလျောတိုက်သွားရင်းတံခါးဆီသို့ဦးတည်နေရသည်
ရဲရင့်က ကြမ်းပြင်ပေါ်ကဝဏ္ဏကိုခပ်မဲ့မဲ့ကြည့်ရင်း ဝဏ္ဏရဲ့ကျောပေါ်သို့ခြေထောက်တစ်ဖက်ဖြင့်ဖိထားလိုက်သည်
"အား....ရဲရင့်..ငါ..ငါတကယ်တောင်းပန်ပါတယ်...ငါ့ကိုလွတ်ပေးပါ..တောင်းပန်ပါတယ်.."
"...ဟက်..."
"ရန်ကိုရန်ခြင်းမတုံ့ပြန်ရဘူးလေ.."
မိုးသားရိပ်ဆိုတဲ့ကောင်လေးက ရဲရင့်ဘေးမှာရပ်ရင်းရဲရင့်ကိုကြည့်ကာပြုံးပြီးပြောလာသည်
"မိုးသား..."
Flash back(3 years ago)
ရဲရင့်တစ်ယောက်ကားကိုမှီကာဆေးလိပ်သောက်ရင်းအငွေ့တွေကိုဖြည်းဖြည်းချင်းမှူတ်ထုတ်နေလေသည်
YOU ARE READING
You are the light of my life(One short )
General Fiction(A.N-ဤFicထဲရှိဇာတ်လမ်းဇာတ်ကွက်ဇာတ်ကောင်များသည် သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစိသည် သက်ရှိသက်မဲ့မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ) (A.N-ဤFicထဲရှိဇာတ်လမ်းဇာတ်ကွက်ဇာတ်ကောင်များသည် သာသာ၏စိတ်ကူးယဉ်ဖန်တီးမှူများသာဖြစိသ...