One short(Unicode)

2.2K 159 4
                                    

(A.N-One shortဖြစ်တာကြောင့် Zawgyiတစ်ပိုင်းUnicodeတစ်ပိုင်းခွဲတင်ထားပါတယ် Unicodeကနောက်တပိုင်းမှာပါ😊)

ဝေါ ဝေါ...ဂျူန်းဂျူန်း
မိုးခြိမ်းသံများမိုးရွာသံများဖြင့်သာအုပ်စိုးထားသောပတ်ဝန်းကျင်တွင်သစ်ပင်တွေမှသစ်ကိုင်းအချိူ့ကလည်းကျိူးကျနေသလို မြက်ပင်တွေကလည်းလေယူရာယိမ်းနွ့ဲနေကြလေသည်

ညဖက်ဖြစ်၍ပတ်ဝန်းကျင်ကလည်းမှောင်မိုက်နေကာတိတ်ဆိတ်နေကြပြီးအိမ်ကြီးတစ်အိမ်ရဲ့အထဲတွင်တော့

ဝုန်း💢

"ငါ့ကိုမသတ်ပါနဲ့...တောင်းပန်ပါတယ် မင်းခိုင်းတာမှန်သမျှငါလုပ်ပါ့မယ်..ကျေးဇူးပြုပြီးငါ့ကိုလွတ်ပေးပါ..."

"ဟက်..."

ဒုန်း💢

ရဲရင့်ကခပ်မဲ့မဲ့ပြုံးလိုက်ပြီး သူ့ကိုမသတ်ဖို့ဒူးထောက်ပြီးတောင်းပန်နေတဲ့ဝဏ္ဏကိုခြေထောက်နဲ့ပိတ်ကန်လိုက်သည်

ဝဏ္ဏကလဲကျသွားပြီးတစ်ကိုယ်လုံးမှာလည်းရဲရင့်ထိုးထားတဲ့ဒဏ်ရာတွေကသွေးစို့လျက်ဖြစ်နေလေသည် ခြေထောက်ကလည်းလမ်းလျောက်ဖို့အားမရှိတော့သောကြောင့်လက်နှစ်ဖက်ကိုသာအားပြုရင်းကြမ်းပြင်ပေါ်မှာလျောတိုက်သွားရင်းတံခါးဆီသို့ဦးတည်နေရသည်

ရဲရင့်က ကြမ်းပြင်ပေါ်ကဝဏ္ဏကိုခပ်မဲ့မဲ့ကြည့်ရင်း ဝဏ္ဏရဲ့ကျောပေါ်သို့ခြေထောက်တစ်ဖက်ဖြင့်ဖိထားလိုက်သည်

"အား....ရဲရင့်..ငါ..ငါတကယ်တောင်းပန်ပါတယ်...ငါ့ကိုလွတ်ပေးပါ..တောင်းပန်ပါတယ်.."

"...ဟက်..."

"ရန်ကိုရန်ခြင်းမတုံ့ပြန်ရဘူးလေ.."

မိုးသားရိပ်ဆိုတဲ့ကောင်လေးက ရဲရင့်ဘေးမှာရပ်ရင်းရဲရင့်ကိုကြည့်ကာပြုံးပြီးပြောလာသည်

"မိုးသား..."

Flash back(3 years ago)

ရဲရင့်တစ်ယောက်ကားကိုမှီကာဆေးလိပ်သောက်ရင်းအငွေ့တွေကိုဖြည်းဖြည်းချင်းမှူတ်ထုတ်နေလေသည်

တီတီ📱

"Hello..."

"ရဲရင့် မင်းကိုခိုင်းထားတဲ့တာဝန်ပြီးပြီလား.."

You are the light of my life(One short )Where stories live. Discover now