The Haunted House (U)

447 73 2
                                    

အီသန် အော်သံအဆုံးမှာ မီးတွေလင်းလာပြီးအောက်ထပ်ကိုဝရုန်းသုန်းကားနဲ့ပြေးဆင်းလာတဲ့
Mom နဲ့ Dad ကိုမြင်လိုက်ရသည့်အချိန်
အီသန်စိတ်ကိုလွှတ်ချလိုက်ကာမြေပြင်ပေါ်ဘုန်းခနဲ့လဲကျသွားသည်။

တိုင်လာ ကိတ်ကိုကြည့်လိုက်ပြီး အီသန်ဆီပြေးသွားကာထူလိုက်ပြီး​ဆံပင်ကိုသပ်ကာနိုးသည်။

"အီသန် အီသန် "

လှေကားထစ်အဖျားမှာရပ်နေတဲ့အယ်လီ
အက်စတာနဲ့ဟေဇယ်တို့ကိုကိတ်မြင်တော့
ပြုံးလိုက်ပြီး"သမီးတို့ပါနိုးသွားတာလား "

"မေမေ ဘာဖြစ်လို့လဲ?။"

အယ်လီ လှေကားကဆင်းလာပြီးကိတ်ကို
ဖက်ပြီးမေးတော့ကိတ် အယ်လီဆံပင်ဖွဖွလေး
ပွတ်လိုက်ကာ ဘာပြောရမလဲစဥ်းစားနေသည့်
အချိန်တိုင်လာကအီသန်ကိုချီလိုက်ပြီး "သူအိပ်ပျော်သွားတာကြည့်ရတာအိပ်ရင်းလမ်းလျှောက်ပြီးအော်မိလိုက်ပုံပဲ "ဝင်ကူညီကာ
ပြောလိုက်သည်။

"ဟေဇယ် ဒီကကျနေတဲ့ကွတ်ကီးတွေ
လာကောက်ပေးပါဦး အိပ်နေရင်းထလာပြီး
လျှောက်စားနေတဲ့ပုံပါပဲ "

ကိတ်က သူနဖူးကိုပွတ်ပြီးမျက်တောင်များ
ခတ်ကာပြောတော့ ဟေဇယ်လှေကားကဆင်းလာပြီးထမင်းစားခန်းထဲဝင်လာကာမြေပြင်ပေါ်မှာကျနေတဲ့ကွတ်ကီးတွေကိုကောက်လိုက်သည်။
ဟေဇယ် ကောက်နေရင်းမျက်လုံးကအပြင်ကို
ကြည့်မိလိုက်တော့ မျက်နှာပြောင်ကြီးနဲ့
ကုန်းကုန်းကြီးဖြစ်နေတဲ့အရာကြီးကိုတွေ့လိုက်
ရတာကြောင့် လန့်သွားကာအောက်ကိုစိုက်ကြည့်
မိလိုက်သည်။နောက် ပြန်ကြည့်လိုက်တော့
မည်းမှောင်နေသည့်အပြင်ဘက်နေရာကိုသာ
တွေ့ရတော့သည်။ ဘာမှရှိမနေပေ။

ဟေဇယ် သက်တောင့်သက်သာမရှိစွာ
နှုတ်ခမ်းကိုလျှာသပ်လိုက်မိသည်။
အိပ်ရေးပျက်လို့လျှောက်မြင်နေတာပဲနေမှာပါ။

"အကုန်လုံး အဆင်ပြေသွားမှာပါ။
ကလေးတွေကအိမ်အသစ်နဲ့ကျွမ်းဝင်မှုမရှိ
သေးလို့ပါ။ "

တိုင်လာ စိတ်ပူနေတဲ့ကိတ်ကိုကြည့်ပြီး
နှစ်သိမ့်ပေးတော့ကိတ် သက်ပြင်းရှည်ကြီး
ချလာကာ "မနေ့က အယ်လီ ဒီနေ့အီသန်
ကျွန်မတော့ဘာလုပ်ရမှန်းတောင်မသိတော့ပါဘူး။"လို့ စိတ်ပူစွာဆိုသည်။

- 𝑻𝒉𝒆 𝑯𝒂𝒖𝒏𝒕𝒆𝒅 𝑯𝒐𝒖𝒔𝒆- (Complete)Where stories live. Discover now