" မနက်ဖြန် ဟောလိုးဝင်းရောက်ပြီဆိုတော့
ပိုပြီးချိူချဥ်တွေရမှာ။ " လို့အယ်လီက
ကျယ်ကျယ်လောင်လောင်ပြောနေပြီး
ကိတ်တို့ကသဘောကျစွာကြည့်နေကြသည်။"စပါကတီက တကယ်စားကောင်းတယ်။"
လို့ချာလီကပြောတော့ အန်မာတို့ကထောက်ခံသည်။ တိုင်လာ ဂုဏ်ယူနေဟန်ကိတ်ကိုမျက်စိမှိတ်ပြတော့အကုန်လုံးကရယ်ကြသည်။
ဟေဇယ် စပါကတီကိုစားနေပြီးဒီနေ့ဖြစ်ခဲ့တာကို
အမေ့ကိုပြောသင့်မပြောသင့်စဥ်းစားနေသည်။
ပျော်နေတဲ့အယ်လီတို့ကိုမြင်တော့ ဟေဇယ်ပြုံးလိုက်ပြီး နောက်မှပြောပါတော့မယ်လို့တွေးလိုက်သည်။ညရောက်တော့ ဟေဇယ်သူငယ်ချင်းတွေက
အခန်းထဲမှာအိပ်ယာလိပ်ခင်းပြီးအိပ်ကြသည်။
အိမ်ကြီးကတစ်ဖန် တိတ်ဆိတ်ငြိမ်သက်ကာသွားသည်။ အန်မာ သောက်ထားတဲ့ဝိုင်များသွားတာကြောင့်သန့်စင်ခန်းသွားချင်လာသည်။
ညလည်ခေါင်ကြီး အန်မာတစ်ယောက်တည်း
ယိုင်တိုင်ယိုင်တိုင်နဲ့သန့်စင်ခန်းဆီထွက်လာသည်။
ထောင့်စွန်းကသန့်စင်ခန်းဆီသွားပြီးတံခါးဖွင့်
သည်။ ပိတ်ထားတဲ့တံခါးကြောင့် အန်မာစုပ်သပ်လိုက်ပြီးအောက်ထပ်ကိုဆင်းလာသည်။အောက်ထပ်မှာသန့်စင်ခန်းတစ်ခန်းရှိသေးသည်။
သန့်စင်ခန်းကအနောက်ဘက်မှာဖြစ်ပြီး ထမင်းစားခန်းရဲ့အနောက်မှာရှိသည်။ ထမင်းစားခန်းဘေးမှာတော့ storage ထားခန်းရှိသည်။
အန်မာ သန့်စင်ခန်းထဲဝင်လိုက်ပြီးတံခါးပိတ်လိုက်ကာအိမ်သာပေါ်ထိုင်လိုက်သည်။"ဟား ခုမှပဲနေလို့ကောင်းတော့တယ်။"
အန်မာ သူ့ရဲ့ဆီးအိမ်နဲ့အတူအစာအိမ်ကိုပါဖြေ
လျှော့နေစဥ် ဝုန်းခနဲ့သူမအိမ်သာတံခါးကပွင့်သွားသည်။ အန်မာ ဝိုင်အရှိန်နဲ့မူးကာကြည့်နေမိစဥ် ထမင်းစားခန်းထဲကနေမီးတွေပျက်လိုက် လာလိုက်ဖြစ်နေသည်ကိုအန်မာတွေ့နေရသည်။
အန်မာ မျက်မှောင်ကြုတ်လိုက်ပြီးထလိုက်ကာ
တံခါးကိုပြန်ပိတ်လိုက်သည်။"အိမ်ကောင်းကြီးဖြစ်ပေမယ့် ဝိုင်ယာ
တွေကတော့စုတ်ပြတ်နေပုံပဲ။ "လို့အန်မာ
ရေရွတ်လိုက်ကာ အိမ်သာပေါ်ပြန်ထိုင်လိုက်သည်။ အိမ်သာတံခါးကကျွီခနဲ့ပြန်ပွင့်သွားသည်။
အန်မာ မျက်မှောင်ကြုတ်ကာ ကြည့်နေစဥ်
ထမင်းစားခန်းထဲကမီးကတဆတ်ဆတ်ပျက်နေရာကနေလင်းလာသည်။ storage ခန်းကမီးကလဲလင်းလာသည်။ အန်မာ ကြောင်ကြည့်နေတုန်းမှာပဲမီးတွေအကုန်ရုတ်တရက်ပျက်သွားကာ သူ့အိမ်သာမီးပါပျက်သွားသည်။
YOU ARE READING
- 𝑻𝒉𝒆 𝑯𝒂𝒖𝒏𝒕𝒆𝒅 𝑯𝒐𝒖𝒔𝒆- (Complete)
HorrorTitle : The Haunted House (Edited) Author : Astabella_Non Category : Horror,Thriller. Warning : gore,blood,scary themes Status : complete မင်းရဲ့အတွင်းစိတ်နက်ထဲမှာ မင်းကိုယ်တိုင်ဖန်တီးထားတဲ့မကောင်းဆိုးဝါးတစ်ကောင်။ မင်းကိုအရမ်းကိုကြောက်လန့်တုန့်လှု...