Part 1

20 0 0
                                    

ကျောင်းသားဘဝမှတ်တမ်း(၁)

အချစ်ဦး သိပ်ကိုရိုးရှင်းတဲ့ အသုံးလေးပေါ့ လူတစ်ယောက်ရဲ့ဘဝမှ အင်း.. အချစ်ဦးဆိုတာရှိစမြဲပေါ့ ကျွန်တော့် ဘဝမှာလည်း ရှိခဲ့တယ်

ကျွန်တော်ရဲ့အချစ်ဦးက ကျွန်တော်အဖွားမိတ်ဆွေရဲ့သားပေါ့ အကိုနဲ့ကျွန်တော်က ကျွန်တော်ငါးတန်းနှစ်မှာ ခရီးအတူသွားရင်းနှင့်မှ ရင်းနှီးခဲ့ကြတာ အကို့နာမည်က ဥာဏ်မင်းမြတ်ပိုင် လို့ခေါ်တယ် နာမည်ရှည်သလို လူကလည်းသိပ်အရစ်ရှည်တာ ဒါကြောင့်မို့လည်း ထိုအချိန်တုန်းက ကျွန်တော့်က အကို့ကို ကြည့်မရတာ အကိုက စာတော်နာမည်ကြီးပြီး ရုပ်လည်းချောတယ်လေ ကျွန်တော်တို့ကျောင်းရဲ. Big 3မှာ အကိုလည်းအပါအဝင်ကို ကျွန်တော်တို့ကျောင်းက ကောင်မလေးတွေရော ဆရာမတွေရောက ထို Big 3ကိုဆို သဲသဲလှုပ်လှုပ်ပဲလေ ဒီလိုနဲ့ အကိုနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးက မိဘတွေနဲ့တွေ့တဲ့အချိန်ကလွဲရင် သူစိမ်းလိုပဲပေါ့

ဒီလိုနဲ့ အချိန်တစ်ခုကြာလာတဲ့အခါ ကျွန်တော် ၉တန်းနှစ် ဒီဇင်ဘာလလောက်မှာ ကျွန်တော့်သူငယ်ချင်းကောင်မလေးက အကို့အကြောင်းကျွန်တော့်ကို မေးလာတယ်

"နံ့သာ...နင်နဲ့ ကိုကြီးဥာဏ်မင်းမြတ်ပိုင်က မိဘချင်းရင်းနှီးတယ်ဆို ငါ့ကိုဘာလို့လျှိုထားတာလဲ"
ကျွန်တော့်သူမ အမေးကို တစ်ချက်စဉ်းစားလိုက်သည် ကျွန်တော်နဲ့အကို မိဘချင်းရင်းနှီးတာကို ကျွန်တော်လျှိုထားမိသလားပေါ့ တကယ်တော့ မလျှိုမိပါ ဒီအတိုင်းအကြောင်းကိစ္စမရှိလို့ မပြောဖြစ်ယုံသာ

"ငါမလျှိုပါဘူး အကြောင်းမတိုက်ဆိုင်လို့ မပြောဖြစ်ယုံသာ ပြီးတော့ ငါနဲ့ အကိုနဲ့သိတဲ့ကိစ္စက ထိုမျှလောက်လူတကာကိုပြောပြဖို့အရေးပါလို့လား ဇူးဇူး" ဟုတ်သည်လေ ကျွန်တော်ဟာ အကိုနဲ့ ရင်းနှီးတဲ့ကိစ္စကို တစ်ကျောင်းလုံးကိုလိုက်ပြောရမှာလား ထို့နောက်ဇူးဇူက

"နင့်အတွက်အရေးမပါပေမယ့် ငါ့အတွက်အရေးပါတယ်ဟဲ့ ငါကကိုကြီးဥာဏ်မင်းမြတ်ပိုင်ကို သဘောကျနေတာလေ အဲ့တော့ နင်သာစောစောပြောပြရင် ငါကိုကြီးအကြောင်းကို တကူးတက လိုက်မစုံစမ်းရတော့ဘူးပေါ့" ဆိုပြီး နှုတ်ခမ်းဆူကာပြောပြီး သူ့မိန်းကလေးတန်းဆီ ပြန်သွားသည်

Don't think he will 𝐁𝐄 𝐌𝐲 𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞 Where stories live. Discover now