25

898 101 6
                                    

( unicode )

-

လေ့လာရေးခရီးမှာဆရာမကအခန်းတွေရွေးပေးနေသည် ။
စီနီယာ နဲ့ ဂျူနီယာတန်းတွေရင်းနှီးစေရန် စီနီယာ ဂျူနီယာတွဲယူရခြင်းဖြစ်သည်။

" မင်းဘယ်သူ့ကိုရွေးမှာလဲ Beomgyu "

" မသိဘူးလေ ငါ့ကိုရွေးမယ့်လူတောင်ရှိပါ့မလား "

ဟုတ်သည် beomgyuကစွာတေးလန်မလို့သူ့ကိုဝေးဝေးကရှောင်တာများကြသည် ။ HueningKai ကတော့ခင်တဲ့လူဆိုလို့ DaeHyun ရယ် Beomgyuရယ်ပဲရှိသည်။ အကုိTaehyunတို့အုပ်စုနဲ့ခင်ပေမယ့်ဆမ်ဘေးကရှောင်နေတယ်ထင်လို့သွားမမေးမိ ။

" ငါတို့ကိုရွေးမယ့်သူမရှိလဲ နှစ်ယောက်တူတူနေမယ်လေဟိဟိ "

" ဒါပေါ့ "

HueningKai စကားကိုBeomgyuထောက်ခံလိုက်သည်။

-

" ဘာတွေငေးနေတာလဲJungkook "

" ဘာမှမဟုတ်ပါဘူး Taehyunရာ "

Taehyun က jungkook ဖြေတာကိုငါသိပါတယ်ဆိုတဲ့အထာနဲ့ကြည့်နေသည် ။

" ဟိုနှစ်ကောင်ရော "

" yeonjun ကတော့သူ့ကလေးsoobinနဲ့အခန်းဖွဲ့လိုက်ပြီ Taehyungကိုတော့ Jiminဆိုတဲ့ဂျူနီယာလေးကအတင်းဆွဲခေါ်ပြီးအခန်းယူသွားပြီ "

" အေးကွာ သူတို့ကဆိုင်ရာပိုင်ရာတွေနဲ့ဆိုတော့ငါတို့ကတော့အထီးကျန်နေပြီကွာ "

Jungkookရဲ့အဖြေစကားကြောင့်Taehyun အူတက်အောင်ရီလိုက်သည် ။ ဒီကောင်HueningKaiနဲ့ဖွဲ့ချင်တာသူသိသည်။ အစကအချေလွန်ပြီးအခုမှနောင်တရချင်တဲ့Jungkook ပါလေ ။

" HueningKai ကိုပြောလိုက်လေကွာ "

" မပြောပါဘူး သူကDaehyunဆိုအကောင်နဲ့သာယာနေတာ twtမှာလူမြင်မကောင်းဘူး တောက်ခ်! "

" အဲ့တာဆိုလည်းသွားဖွဲ့လေ "

-

" အခုကျန်တဲ့လူတွေအခန်းခွဲကြမယ် လူရတဲ့သူတွေကသူ့ဆိုင်ရာပိုင်ရာနဲ့အခန်းထဲဝင်သွားကြပြီ"

" ကဲ HueningKai နဲ့အခန်းဘယ်သူဖွဲ့မလဲ "

" ကျနော် "

" ကျနော်ယူမယ်ဆရာမ "

အသံနှစ်သံကတချိန်ထဲထွက်လာခဲ့သည် ။
Taehyunကတော့မျက်ခုံးတွေလှုပ်နေပြီဖြစ်သည်။

𝙼𝚘𝚛𝚎 & 𝙼𝚘𝚛𝚎 { 𝚃𝚊𝚎𝚐𝚢𝚞 𝚊𝚞 }Where stories live. Discover now