( Unicode )
------
" Ya!!!! BEOMGYU!!!!! "
Uni ရောက်ရောက်ချင်းပြေးဖက်တဲ့ HueningKai ကြောင့်သူ့မှာလဲကျမတတ် ။ ခါတိုင်းလည်းတွေ့နေရတာပဲကို မနေ့ကတရက်ကျောင်းမလာတာနဲ့ နှစ်ရှည်ကြာဝေးကွာနေတဲ့ရည်းစားတွေလာလုပ်နေတာကြောင့် Beomgyu ပြန်တွန်းထုတ်လိုက်သည် ။
" ကြပ်မပြည့်ဘူးလား ဟူးနင်းကိုင် "
" ခိုင်ပါကွာ မင်းကလည်း "
" မင်းကတချိန်လုံးလာကိုင်နေတာကို "
" အမယ် သူကပဲပြောရတယ်ရှိသေး "
" ထားပါ မနေ့ကမင်းကျောင်းမလာတော့ ဆရာမကလေ့လာရေးခရီးအတွက်စာရင်းကောက်တယ်ကွ "
" အဲ့တော့ မင်းကငါ့နာမည်ထည့်လိုက်တယ်မလား "
" ဟီး မင်းလိုက်မယ်မလား လိုက်ပါနော် ငါ့အမေကမင်းပါမှထည့်မှာ "
" အေးပါကွာ မင်းလည်းစာရင်းထည့်ပြီးပြီကိုငါလိုက်ပါ့မယ် "
" အဲ့တာကြောင့်ငါမင်းကိုချစ်တာ အာဘွား "
HueningKai က Beomgyu ရဲ့ပါးကိုနမ်းလိုက်သည် ။ ထိုအချိန်သူတို့နားကိုရောက်လာတဲ့ Taehyunတို့အဖွဲ့ဖြစ်သည် ။
" ဒီခေတ်ကလေးတွေလူရှေ့မရှောင်သူရှေ့မရှောင်နဲ့ကွာ jungkookie ရာ "
Taehyun ကသာရန်စကားဆိုနေပေမယ့် Jungkook ကတော့ HueningKai ကိုနှမြောတဲ့အကြည့်နဲ့ကြည့်တယ် ။ သူတို့နောက်ကချစ်တီတူးနေတဲ့ Yeonjun နဲ့ Soobin ကတော့ဒါတွေစိတ်မဝင်စား ။ Taehyung ကတော့သူတို့ကိုတွေ့တာနဲ့ ဟီးခနဲရယ်ပြသည် ။
" ဟျောင့် မင်းနော် ရန်လာမစနဲ့"
" မင်းကိုပြောနေလို့လား ဂျပုကောင် "
" မင်းကများ မင်းကရောဘယ်လောက်ရှည်လို့လဲ "
" ငါရှည်လား မရှည်လားမင်းသိမှာပေါ့ "
" ဘာကွ!! "
" အရပ်ကိုပြောတာ "
" မင်းနော် "
ရန်ထဖြစ်တော့မယ့်နှစ်ကောင်ကြောင့် Soobin မှာမနည်းလာဆွဲရသည် ။ Yeonjun ကလည်း Taehyun ကိုထိန်းထားသည် ။ Taehyung ကတော့ မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်နေသည် ။
Beomgyu ကရန်ဖြစ်နေတာ HueningKai ကခေါင်းငုံ့ထားတာမြေကြီးထဲဝင်တော့မယ် ။
