အနာဟောင်း

1 0 0
                                    

"မတွေ့တာကြာပြီနော် ခလေး''

အေးဆေးဖုန်းကြည့်နေတဲ့အချိန် ဖုန်းထောင့်စွန်းဘက်က အဝိုင်းလေး တောင်ခနဲပေါ်လာပြီး အဲ့စာတန်းရှည်ပေါ်လာတယ်၊Noti Barမှာ 'ခလေး'ဆိုတဲ့ အသုံးနှုန်းစကားလုံး မြင်လိုက်ရတဲ့အချိန် ကိုယ်ဟာ လန့်ဖြတ်သွားတယ်။

သူတစ်ယောက်ပဲ ကိုယ့်ကို အဲ့လို ခေါ်ခဲ့ဖူးသည်မဟုတ်လား၊နှစ်နှစ်ကျော်လောက် ကိုယ်မေ့ခဲ့သည့် ထိုနာမ်စားလေးကို အခုရုတ်တရက်မြင်လိုက်တဲ့အခိုက်မှာ အရာအားလုံးက တဖန်ပြန်လည်လာသလိုပဲ၊မေ့ဖျောက်ပစ်ချင်ခဲ့တဲ့ အတိတ်တွေပေါ့။
တကိုယ်လုံးက အားတွေ မရှိတော့သလို ခံစားရပေမယ့် ကိုယ်ဟာ ဖုန်းထောင့်စွန်းကအဲ့အဝိုင်းလေးကို ဝင်မကြည့်ပဲ မနေနိုင်ဘူး။

အရင်စိတ်နဲ့သာဆို သုံးလေးကြောင်းလောက် ပြန်ပို့ပြီးနေပေမယ့် အခုစိတ် ကိုယ်ဟာ တမျိုးဖြစ်သွားပြီထင်ပါရဲ့၊လက်တွေ့မှာ 'အင်း'တလုံးပဲ စာပြန်နိုင်ခဲ့တယ်။ရင့်ကျက်တာလား ရင်မခုန်တော့လား ကိုယ်တိုင်လည်း သေချာမသိဘူး၊ သေချာတာတော့ ကိုယ်အတော်လန့်သွားတယ်ဆိုတာပဲ။

သူ့ဘက်ကတော့ 'ဘာလုပ်နေလဲ၊နေကောင်းရဲ့လား၊'သာကြောင်းမာကြောင်းတွေမေးနေပေမယ့် ကိုယ်နဲ့သူရဲ့ ဆက်ဆံရေးဟာ ဒီလိုတွေ မေးဖို့ သင့်တော်ရဲ့လား ကိုယ့်ခေါင်းထဲမှာ သံသယ စဝင်လာတယ်၊တချိန်က တလောကလုံးရဲ့ အမှောင်မဲဆုံးနေရာလို့ ခံစားရတဲ့ ဂျောင်တဂျောင်မှာ အဆွေးသီချင်းတွေကို နားကြပ်နဲ့ စီးမျောခံစားရင်း အသည်းအထန် ငိုကြွေးခဲ့ဖူးတယ်၊ အချိန်အတိုင်းအတာတခုကြာရင် အသည်းကွဲခဲ့တဲ့အရာတွေက ဟာသဖြစ်လာနိုင်တယ်တဲ့လေ၊ကိုယ့်အတွက်အဲ့တာကမှ ဟာသ ဖြစ်နေသေးတယ်၊ဘယ်နှယ့် ကမ္ဘာတခုလုံး ပြိုပျက်သွားသလို အသက်ရှူရပ်မတတ် နေ့နေ့ညည အချိန်ရှိသ၍ အဲ့ခံစားချက်ထဲ ပိတ်မိနေခဲ့တာကို နောက်တချိန်ဟာသ တွေ ဖြစ်မတဲ့လား။ အခုလည်းအဲ့လိုပဲ ဒဏ်ရာတွေဟာကျက်သွားပြီ၊အမာရွတ်ပဲ ကျန်နေခဲ့တယ်လို့ ထင်ပေမယ့် တကယ်တမ်းတော့ အပေါ်ယံ ကျက်ရုံလောက်ပဲ၊အဲ့အပေါ်ယံအလွှာအောက်မှာ အနာဟာ စိမ်းစိမ်းရှိသေးတယ်၊အထဲမှာလည်း ပြည်တွေ ပြည့်နှက်နေနိုင်တယ်၊ကာထားတဲ့အပေါ်ယံလွှာလေးဟာ ပါးပါးလေးမှ တကယ့်ပါးပါးလေးရယ်ပါ။အထိခိုက် မခံနိုင်ဘူး။

အနာဟောင်းWhere stories live. Discover now