Part -7 (Uni + ZG)

5.1K 407 7
                                    

Uni

" ဘာဖြစ်လို့လဲ ပူတူး "

" ကု..ကု..ကုတင် က တစ်လုံးတည်းရယ် "

" အင်းလေ ပူတူးရဲ့ ဘာလို့လဲ
ကိုကိုနဲ့မအိပ်ချင်ဘူးလား "

" မ..မဟုတ်ပါဘူး "

" အဲ့တာဆို ဘာလို့လဲ
အရင်တစ်ခါကလည်း အိပ်ဖူးတာပဲကို "

" အာ...အရင်က အခုလိုမှ မဟုတ်သေးတာ "

" ဘာကိုအခုလို မဟုတ်တာလဲ ပူတူးရဲ့ "

သိသော်လည်း ရှက်နေသော ကလေးလေးအား
ညစ်၍ မေးလိုက်မိသည် ။ နားလေးတွေမှ ရဲလို့
ဒီလောက်ရှက်တတ်မယ်လို့ မထင်ထားမိဘူး

" အ..အ..အခုက ဟို...ဟို..မသိတော့ဘူးဗျာ
ပင်ပန်းလိုက်တာ ကျွန်တော်အိပ်ချင်နေပြီ "

တကယ်ပါ အူကြောင်ကြောင်မေးနေတဲ့
ကိုကို ဆိုတဲ့ ဒီလူကြီးကို ကိုက်ဆွဲပစ်ချင်တော့တယ်

" ဟုတ်ပါပြီဗျာ ဟိ ုမှာ ရေချိုးခန်း ရေချိုး
ပူတူးပြီးမှ ကိုကိုချိုးမယ် "

" အင်း "

" မြန်မြန်ချိုးနော် နေတော်တော်
စောင်းနေပြီ ပြီးရင် ထမင်းစားမယ် "

" ဟုတ်ကဲ့ပါ ခင်ဗျ အမိန့်တော်အတိုင်းပါဗျ "

ဒီကလေးတော့ အသည်းယားအောင်အရမ်းလုပ်
စိတ်ရှိတိုင်းသာ လုပ်မိရင်တော့လေ.....

အနည်းငယ် ဖောင်းနေတဲ့ပါးလေးကို
ဖျစ်ညှစ်ပြီး အားဘွားတွေပေး
မွမွတွေ ပေးပြီး အသားကုန်နမ်းပြစ်ချင်တာ

ဒါပေမဲ့ ပူတူးလေးက အကွေးမှမဟုတ်တာ
တော်ကြာ လက်သီးနဲ့ ထ ထိုးနေမှဖြင့်

အမလေး ​တွေးရုံနဲ့ တင် ပါးကျိန်းတယ်

////////////////////////////////////

" ပူတူး! "

" ဗျ! "

" အိပ်မပျော်ဘူးလား ဘာလိုလို့လဲ
ပြောလေ ကိုကို့ ကို "

မင်္ဂလာဦး ညပေမဲ့လည်း ကိုယ်တွေက နှစ်ဦး
မေတ္တာမျှလို့ ယူခဲ့တာမဟုတ်ဘူးလေ
ပြီးတော့ ယောကျ်ားလေး နှစ်ယောက် ဆိုတော့
ဘယ်လို ဘယ်လို ဦးလိုက်ရမှန်းမသိ

❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွားလို့ ) ( Completed)Where stories live. Discover now