Uni
" မရောက်သေးဘူးလား "
" ရောက်တော့မှာပါ ပူတူးရဲ့.....
နောက် မိနစ် 20 လောက်ဆိုရောက်ပြီ "တရားရုံးတက် လက်မှတ်ထိုးပြီး
Yangon ကအိမ်ကို တစ်ခါတည်း ခေါ်လာခဲ့တယ် ။
ပူတူးလေးက ပင်ပန်းသွားတယ်ထင်ပါရဲ့
မျက်လုံးလေးတောင် စင်းလို့ မကြာပါဘူး
အသက်ရှူသံ မှန်မှန်လေးနဲ့အိပ်ပျော်သွားတယ်လှလိုက်တဲ့ မျက်လုံးလေး
မျက်ခုံးလေးက မထူမပါး
ရှည်လျားပြီးကော့တက်နေတဲ့ မျက်တောင်
အနည်းငယ်ဖောင်းနေတဲ့ပါးလေး
သေးသွယ်တဲ့ခန္ဓာကိုယ်
ကိုယ့်ချိုင်းအောက်အရပ်ကလေး
ရယ်လိုက်ရင် ပေါ်လာတဲ့အစွယ်လေးနှစ်ချောင်းဒီလိုကောင်ငယ်လေးကို မြင်မြင်ချင်း
ချစ်မိသွားတာ ကျွန်တော်လွန်လားဗျာ ....ချစ်စရာကောင်းအောင်အိပ်နေသော
ကောင်ငယ်လေးအလှကို တစ်စိတ်ချင်း
ကြည့်ကာ အမွှန်းတင်ရင်း No.26 ဟုကပ်ထားသော
ခြံထဲသို့ဝင်ခဲ့သည်....." ပူတူး ပူတူးလေး "
" ဟင်"
" အိမ်ရောက်ပြီ ကလေးရဲ့
လာ ကိုကိုချီမယ် ဖက်ထား "" အမေ့!"
ရုတ်တရက်မလိုက်တော့
လန့်သွားတဲ့ အိပ်ချင်မူးတူးကောင်လေးက
မျက်လုံးလေးပြူးလာတယ်" ဟင် ကို..ကို..ကိုကို "
ခများလို့ မသုံးရဲတော့ဘူး
ဒီနေ့တင် အခေါက် ခံရတာနှစ်ခါ
ဗိုက်လိမ်ဆွဲ ခံရတာ သုံးခါ
ဒီလောက်ဆို ကျွန်တော်အမှတ်ရှိသင့်ပြီမဟုတ်လား" ဗျာ.... "
" အောက်ချပေး ကျွန်တော့်ပါကျွန်တော်
လမ်းလျှောက်မယ် ချပေးတော့ "" ရပါတယ် ပူတူးလေးရဲ့
ကား 2 နာရီတောင်စီးလာရတော့
ပင်ပန်းနေမှာပေါ့ ကိုကို ချီပါ့မယ် "ဘယ်လို လူကြီးပါလိမ့် လူကိုရွဲ့နေသလား
ထင်မိတယ် ကိုယ်ကအိပ်လိုက်လာသူ
သူက ကားမောင်းသူ ဒါတောင် ကိုယ့်ကိုချီချင်သေး' သူငါ့ကို ငြိုငြင်ပြီး ရွဲ့ပြောတာတော့မဟုတ်
လောက်ပါဘူးနော် '
ESTÁS LEYENDO
❣ ခ်စ္မိသြားလို႔ ❣( ချစ်မိသွားလို့ ) ( Completed)
Ficción Generalသဝန်တိုတာ ချစ်လို့ ❤ သဝန္တိုတာ ခ်စ္လို႔ ❤