အပိုင်း _ 1 Paradise
နူးညံ့ခြင်းအဟုန်နဲ့ သွေသွေလေး လွင့်ပါးလာတဲ့ အသံ။ ထိုလူက နတ်သားတစ်ပါးနဲ့အသွင်တူတယ်။ ပျားရည်ရောင်အသားအရေ နဲ့ ထိုလူက ကောင်းကင်ယံထက်က ကြယ်ပွင့်တစ်ပွင့်လိုပဲ။
အရှိန်အဝါတွေ အပြည့်နဲ့ ထိုလူက mic ကို သူ့ရဲ့လက်ချောင်းရှည်တွေနဲ့ ကိုင်ထားတယ်။
သူဟာ လူတိုင်း၏ မျက်လုံးတွေကို ဖမ်းစားထားတယ်။ကျွန်တော့်ရဲ့ မျက်ဝန်းတွေကိုပါ သူ့ဆီ ပေးဆောင်ခဲ့မိတယ်။ လှရက်လွန်းတဲ့ မြင်ကွင်းတစ်ခုပေ လား ၊ ဒါမှမဟုတ် တောက်ပလွန်းတဲ့ရတနာတစ်ပါးလို့ပဲ တင်စားရလေမလားကျွန်တော်မသိဘူး။
ဘုရားပေးတဲ့ အသံ ထက် က လွင့်မြောနေတဲ့ သံစဉ်တေးသွားဟာ ကျွန်တော့်လက်ထဲမှာ လှုပ်ခါနေတဲ့ cocktail spoonကိုတောင် ရပ်တန့်မိသွားစေတဲ့အထိ ဆွဲဆောင်ထားခဲ့တယ်။
သူဟာအရမ်းလှတယ် ၊ အထူးသဖြင့် သီချင်းတွေကိုသီဆိုနေတဲ့အချိန် ။
ခပ်အေးအေးသံစဥ်လေးပါပဲ ၊ ငြိမ့်ညောင်းညောင်းသီချင်းလေးတစ်ပုဒ်ပါပဲ။ သို့ပေမဲ့ ကျွန်တော့် နှလုံးသားတွေကတော့ မြူးထူးနေခဲ့တယ်။
ညာဘက်နှုတ်ခမ်းထောင့်နားက မှဲ့နက်လေးတစ်လုံးက နီဖျဖျ နှုတ်ခမ်းတစ်စုံနား ကပ်တွယ်နေတယ်။ မျက်တောင်ရှည်တွေကို သူဟာ ပြသထားတယ်။ မျက်လွှာကိုချထားရင်းပေါ့။
လက်ထဲက mic ကို လှပစွာ ကိုင်ဆောင်ရင်း သူ့ပါးစပ်ဖျားက ထွက်ပေါ်လာသည့် ခပ်အေးအေးသီချင်းသံ။
သူ့သီချင်းအကြား ကျွန်တော်ပါ စီးမြောသွားခဲ့တယ် ထင်ပါရဲ့ ။ သူ့ကိုပဲ တစ်ချိန်လုံးလိုက်ကြည့်နေခဲ့မိတယ်။ ကျွန်တော့်အရှေ့ကို သူရောက်လာတဲ့အထိ သတိလွတ်နေမိခဲ့တာ ။
ခုံကို တစ်တောက်တောက်တီးခေါက်ရင်း သူဟာ ကျွန်တော့်ရဲ့ အတွေးများနေမှုကို နှောင့်ယှက်လိုက်တယ်။
"အိုး.....မင်္ဂလာပါ...မင်းကြည့်ရတာ စိတ်နဲ့လူမကပ်တဲ့ပုံပဲ "
ခပ်သဲ့သဲ့စကားကို အရယ်တစ်ဝက်နဲ့ ပြောပြီး သူက ကျွန်တော့်မျက်လုံးတွေကို စေ့စေ့ကြည့်နေတာမို့ ကျွန်တော်ကအရင် မျက်လုံးတွေကို လွှဲမိတယ်။

YOU ARE READING
Paradise (Completed)
FanfictionMy life is the paradise cuz of You! ! Sean The story of WangYiBo and Xiao Zhan (Sean Xiao) With Love _ Huolongguo! ♥•