အပိုင်း 2 _ Paradise
ကမ္ဘာကြီးက တကယ့်ကို ကျဉ်းကျဉ်းလေးရယ်။ မင်းတွေ့ချင်တဲ့သူကို မင်းမထင်မှတ်ထားတဲ့အချိန်မှာ အမြဲ ပြန်တွေ့တတ်တယ်။
သူနဲ့ကျွန်တော်စပြီး ဆုံခဲ့တာက Paradise လို့ခေါ်တဲ့ မိဘမဲ့ဂေ ဟာ လေး တစ်ခုမှာ။
ကျွန်တော့် ရင်ခုန်သံတွေ သူ့နောက်ပါသွားခဲ့တဲ့စတင်ရာနေရာ။
ကလေးတွေအတွက် လိုအပ်တာတွေ လာလှူရင်း ဂေ ဟာ အတွင်း လျှောက်သွားနေခဲ့တယ်။
နီလာရောင်ကောင်းကင်ပြင်ကြား ငွေဖြူရောင် တိမ်စ တွေက ဇာ အနားကွပ်ထားသလို သေသပ်နေတယ်။ ခပ်စိမ်းစိမ်းသစ်ရွက်တွေက လေ ပြေလှိုင်းတွေအတိုင်း လှုပ်လီလှုပ်ယဲ့။
လေပြေသွေးက အသံတွေကို ပို့ဆောင်ပေးနိုင်သလား ကျွန်တော်မသိပေမဲ့ နားဖျားလေးထဲ တိုးဝင်လာတဲ့ ချိုပြပြ အသံ။
နူးညံ့စွာ ထိတွေ့လာတဲ့ သံစဉ်နုနုကြား လက်ချောင်းလေးတွေ လှုပ်ခတ်တိုင်းထွက်ပေါ်လာတဲ့ ဂီတာသံ ယဲဲ့ယဲ့က ရောနှောနေတယ်။
ခပ်တိုးတိုးသီချင်းသံ ဆိုပေမဲ့ သူ့အသံက ကျွန်တော့်ရဲ့ ကမ်ဘာကြီးကို ရပ်တန့်သွားတဲ့အထိ ဆွဲဆောင်ထားတယ်။ အသံပိုင်ရှင်ကိုသိချင်မိတယ်။
သီချင်းသံလေးက ကျွန်တော့်ကို ဆွဲခေါ်တယ် ၊ အသံပိုင်ရှင် ရှိရာဆီ။
အနှီလူဟာ သူအသံတွေလိုပဲ အရမ်းကို လှတယ်။ ယောကျ်ားတစ်ယောက်ကို လှတယ်ဆိုတဲ့ နာမ်စား မသုံးသင့်ပေမဲ့ ကျွန်တော့်အတွက်တော့ ဒီလူက အရမ်းလှလွန်းတယ်။
ခပ်သွယ်သွယ်လက်ချောင်းရှည်များဟာ ဂီတာကြိုးတွေပေါ် ယှက်ပြေးလို့နေတယ်။ နှုတ်ခမ်းဖျားက ထွက်လာတဲ့ ခပ်အေးအေးသီချင်းသံနဲ့အတူ ခပ်ရဲရဲ နှုတ်ခမ်းတွေက ပနံသင့်တယ်။ ခြေ ချိတ်ထိုင်ရင်း ခေါင်းစောင်းကာ ပြုံးရယ် ပြီး သီချင်းဆိုနေတဲ့ အဲ့လူက ကြယ်တစ်ပွင့်လိုပဲ။
နှုတ်ခမ်းထောင့်နားက မှဲ့နက်လေးကိုတော့ ကျွန်တော်ပိုပြီး သတိထားခဲ့မိတယ် ထင်ပါရဲ့။
သီချင်းသံအဆုံးမှာ ကျွန်တော့်ရဲ့ ရပ်တန့်နေခဲ့တဲ့ အချိန်များက ကလေးငယ်တွေရဲ့ လက်ခုပ်သံနဲ့အတူ ပြန်လည် ပြီး လည်ပတ်လာတယ်။ သူ့မျက်ဝန်းတွေက ကျွန်တော့်ကိုကြည့်တယ်။ ပြီးတော့ ပြုံးတယ်... တကယ့်ကို လှလွန်းတဲ့ ယုန်ငယ်လေးပါပဲ။
YOU ARE READING
Paradise (Completed)
ФанфікиMy life is the paradise cuz of You! ! Sean The story of WangYiBo and Xiao Zhan (Sean Xiao) With Love _ Huolongguo! ♥•
