The Final Episode _ Paradise🚨
"Zhan ge ကျွန်တော်တို့ခရီးဆက်မလား "
ငြင်းရက်နိုင်ပါ့မလား ၊ အနှီသားရဲက သူ့အပေါ်ကနေ အုပ်မိုးထားပြီး ဆွဲဆောင်တဲ့ ရီဝေဝေ မျက်ဝန်းတွေနဲ့ သကြားလုံးတောင်းတဲ့ ကလေးလို ကြည့်နေခဲ့တာ။
သူခေါင်းကိုငြိမ့်ပြတော့ YiBo ရဲ့ လက်ချောင်းတွေက သူ့ခန္ဓာကိုယ်အနှံ့ကို စူးစမ်းရွေ့လျားနေတယ်။ Xiao Zhan ရဲ့ ရင်ဘတ်ပေါ်ကို သူ့လက်တွေက တဖြည်းဖြည်းချင်းတက်လို့လာတယ်။
ဒီယားကျိကျိ ခံစားချက်....ကျစ်.... သောက်ရမ်းကို ခံစားလို့ကောင်းတယ်။
ကောင်လေးရဲ့လက်ချောင်းထိပ်က သူ့ရဲ့ ချယ်ရီ နှစ်လွှာပေါ်မှာ နာရီလက်တံလိုလည်ပတ်နေတယ်။ ပြီးတော့ နူးညံ့တဲ့ ထိုလက်ချောင်းတွေနဲ့ ခပ်ဖွဖွ သာယာမှုပေးတယ်။
ရင်ထဲ ကလိကလိနှင့် ဆတ်ဆတ်ထိမခံနိုင်မှုကြောင့် Xiao Zhan ရဲ့ ခန္ဓာကိုယ်လေးက ကော့တက်သွားရတယ်။
YiBo ရဲ့ မျက်နှာက သူ့အနားတိုးကပ်လာတယ်။ နှုတ်ခမ်းလွှာတွေကို တစ်စက္ကန့်မျှလောက်တောင် အနားမပေးဘဲ စားသုံးတယ်။ သူ့ရဲ့ လျှာက Xiao Zhan ရဲ့ အာခံတွင်းထဲ ရစ်ပတ်နေတယ်။ လည်ချောင်းဝအထိရောက်လာတဲ့ လျှာကြောင့် Xiao Zhan မျက်ရည်ပါဝဲတက်လာရပြီး အပေါ်က ကောင်လေးကို တွန်းပေမဲ့ အချည်းနှီးသာ။
တော်တော်ကြာအောင် လှည့်လည်ပြီးတဲ့နောက် YiBo က နှုတ်ခမ်းတွေကို ခွာလိုက်ပြီး Xiao Zhanရဲ့ လည်တိုင်ကို ခပ်ဖွဖွ နမ်းတယ်။ သို့ပေမဲ့ ရုတ်တရက်ဆန်စွာ ကိုက်ခဲလိုက်ခြင်းကြောင့် ယုန်ငယ်လေးဟာ အံကြိတ်ရင်း အသံခပ်သေးသေး ညီးတွားမိတယ်။
"အာ...YiBo မင်းက တကယ့် ငဆိုးပဲ "
ကောင်လေးကတော့ သူ့ရဲ့လည်တိုင်ကို အားနဲ့ ကိုက်ခဲထားတုန်းပါပဲ။ ထို့ကြောင့် ကောင်လေးရဲ့ ခပ်ညိုညိုဆံနွယ်တွေကြား လက်ထိုးဖွရင်း နာကျင်မှုကို ခံစားတယ်။
YiBo က တစ်ဖက်သားရဲ့ လည်တိုင်ထက် နက်ရှိုင်းလှတဲ့ အမှတ်အသားကို ပေးပြီး အားရသွားဟန် နှုတ်ခမ်းထောင့် က ကော့တက်သွားတယ်။
YOU ARE READING
Paradise (Completed)
FanfictionMy life is the paradise cuz of You! ! Sean The story of WangYiBo and Xiao Zhan (Sean Xiao) With Love _ Huolongguo! ♥•
