part.6

7.4K 573 42
                                    

  Uni

      

      "အ...အရှင်...နိုးပြီလား"

            "ပြွတ်"

                 သေလိုက်ပါတော့ဝမ်ရိပေါ်ရယ်.......ဘယ့်နှယ်ကြောင့်သွားနမ်းလိုက်ရတာတုန်း  ပြီးတော့နှုတ်ခမ်းကိုနမ်းမိလိုက်တာ ရှက်လိုက်တာ ရှောင်းကျန့်မင်းရော...........ရှက်နေတာလား

          အံ့သြဟန်နဲ့ အနမ်းခံရတာနှုတ်ခမ်းပေါ်တင်ထားတဲ့လက်အစုံကို  သွားကိုင်ကြည့်မိတယ် ၀မ်ရိပေါ်ရေ မင်းတော့ တစ်သက်လုံးထိန်းလာတဲ့ရာဇအိနြေ္ဒ ရှောင်းကျန့်ဆိုတဲ့ ယုန်ပေါက်လေးကြောင့် ပျက်တော့မည်ထင်ပါရဲ့.............

            "အဟမ်း......ကိုယ်တော် ယောင်ပြီးနမ်းမိသွားတာ နစ်နာတယ်လို့ထင်ရင် အခွင်းအရေးပေးတဲ့အနေနဲ့ ကိုယ်တော့်ကိုပြန်နမ်းလို့ရတယ်"

            "ခင်ဗျာ..............ကိစ္စမရှိပါဘူးအရှင်"

        ပြန်နမ်းလိုက်တော့ ဘာဖြစ်သွားမှာမို့လို့လဲရှောင်းကျန့်...........မင်းကကိစ္စမရှိပေမယ့် ကိုယ်တော်ကပြန်အနမ်းခံချင်တာ............ဒါမှလည်းကိုယ်တော်က တရားမျှတတဲ့ဘုရင်ဖြစ်မှာပေါ့..............

            "ကောင်းပြီလေ"

             "အရှင် ဒီနေ့အတွက်အရှင့်ဝေယျာဝစ္စတွေလုပ်ပေးလို့ရမလား"

            "ရပါတယ်........ဒီနေ့အထိန်းတော်ကြီးကနေမကောင်းဘူးတဲ့ မင်းလုပ်ပေးမယ်ဆိုတော့ ကိုယ်တော့်အတွက်အဆင်ပြေတာပေါ့"

           ဒီစကားတွေကိုကြားရင် အခန်းအပြင်မှာရပ်နေတဲ့အထိန်းတော်ကြီးက ငိုချင်လည်းငိုနေလိမ့်မယ် ကိုယ်တော်ကတော့ဂရုမစိုက်ဘူး မင်းနဲ့တွေ့မှ ကိုယ်တော်က စကားများတဲ့သာလိကာလေးဖြစ်လာသလို အလိမ်အညာတွေထုံးဖွဲ့တတ်တဲ့ လူလိမ်မင်းသားလေးဖြစ်လာပြီ.............ကိုယ်တော်ကြိုက်တယ် မင်းနဲ့မှပြောင်းလဲဖြစ်ပေါ်လာတဲ့ အမူအကျင့်တွေကိုရော..........မင်းကိုရော...........

           အရှင်ကခွင့်ပြုသည်မို့ အိပ်ရာထက်မှထပြီး မျက်နှာသစ်ပေးဖို့စီစဉ်ရတယ် အရှင့်မျက်နှာနုနုကကိုင်တွယ်ရတဲ့တစ်ခဏက လောကကြီးတစ်ခုလုံးကို အပိုင်စားရသွားသလို အရာအားလုံးကိုမေ့သွားသလိုပါပဲ ပြောမပြတတ်လောက်အောင် ခံစားချက်တွေက ကြည်နူးမှုကောင်းတယ် နဂါးဝတ်ရုံကို တောင့်တင်းတဲ့အရှင့်ခန္ဒာကိုယ်ပေါ်ဆင်မြန်းခိုက်မှာ ပူထူပြီး ဘာဖြစ်သွားလို့ဖစ်သွားမှန်းမသိ အရှင်ရယ် ပြုစားရက်နိုင်လွန်းလှတယ် ကျွန်တော့်အသဲနုနုက အရှင့်ရဲ့မုန်းဟန်ပြုဆက်ဆံမှုတွေမှာတောင် အရည်ပျော်နေတာ အရှင့်နဲ့နီးကပ်နေတဲ့အခါမျိုးမှာ ခံနိုင်ရည်ရှိဖို့မလေ့ကျင့်ရသေးဘူး ဒါပေမယ့်ပြင်ဆင်ဖို့အချိန်တောင့် မယူချင်လောက်အောင် ကျွန်တော်က အရှင့်နဲ့နီးကပ်ချင်ပါတယ်......................

အပယ္ခံနန္းေဆာင္သခင္အပယ်ခံနန်းဆောင်သခင်S.1(completed)Wo Geschichten leben. Entdecke jetzt