Ep(2)

2.3K 174 10
                                    

Unicode

"ဒီနေ့မှclubမှာလူတွေများလိုက်တာ"

"သူတို့အကြံတွေနေမှာပေါ့ လာဝင်ရအောင်"

"နေဦး စီနီယာ‌တွေနဲ့ဘယ်လိုဆက်သွယ်ရမှာလဲ"

"မသိဘူးလေ"

"ကျဲ"

"ငါလဲမသိဘူးလေ"

"ကျစ် ဘယ်သူမှမသိဘူးလား ဘယ်လိုလုပ်မလဲ"

"ကျန့်ကျန့်ရာ လူလေးတယောက်ဖမ်းတာများ ကျဲတို့နှစ်ယောက်တည်းတောင်ဖမ်းလို့ရတယ် ကိစ္စမရှိဘူး ဒီတိုင်းဝင်မယ်"

"ကျဲဖြစ်ပါမလား"

"ကျဲတို့လှုပ်ရှားရင် သူတို့ဘက်ကလဲလှုပ်ရှားမှာပေါ့ လာဝင်မယ်"

သူတို့5ယောက် လူတွေထဲတိုးကာ clubထဲဝင်လာခဲ့သည်

"အမယ်လေး နဲနဲဖယ်ကြပါဦး ကြပ်လိုက်တာ"

"Clubလာရတာလား မြန်မာနိုင်ငံက ဘုရားပွဲတိုးရတာလားကွာ ကျပ်ပိတ်သိပ်နေတာပဲ"

"ဟိုအကောင် ဟိုဘက်တိုးစမ်း အမယ်လေး ငါ့ဂါဝန်လေးတော့သွားပါပြီ"

"ကျန့်ကျန့် မင်းက မြန်မြန်သွားလေကွာ"

ယွီပင်းစိတ်မရှည်တာနဲ့ ရှောင်းကျန့်ကိုရှေ့သို့တွန်းလိုက်သည် ယွီပင်းတွန်းလိုက်တော့ မျက်နှာနဲ့ကြမ်းပြင်မိတ်ဆက်ပြီအထင်နဲ့ မျက်လုံးမှိတ်လိုက်သည်

"မား ကယ်ပါ"

ကြမ်းပြင်ကိုမဟုတ်ဘဲ သူ့ရောက်သွားတာက ရင်ခွင်တခုထဲသို့ လက်တစုံကလဲ သူ့ခါးကိုဖက်ကာ ထိန်းထားသည် ဝမ်ချင်နဲ့မျှမ်မျှမ်ကတော့တိုးနေတဲ့ကြားထဲက ရှေ့ကမြင်ကွင်းကို ဓာတ်ပုံရိုက်ဖြစ်အောင်ရိုက်လိုက်သေးသည်

"သတိထားလေ babyရဲ့ babyတခုခုဖြစ်ရင် ကိုယ်ရင်ကျိုးရမှာ"

ကြားဖူးတဲ့အသံမို့ မော့ကြည့်လိုက်တော့

"ဟင် ဟိုရန်သူကြီး"

"Babyရာ ကဗျာမဆန်လိုက်တာ babyရဲ့အနာဂတ်သတို့သားလောင်းလောက်ဆိုဟုတ်သေး"

"ဘာ ခင်ဗျား...."

"Baby ဒီတိုင်းပဲနေတော့မလို့လား ကိုယ်ကဖက်ထားရတာ သဘောကျပေမဲ့ baby နေရတာအဆင်ပြေရဲ့လား"

ကိုကိုချစ်တဲ့ Baby Police(One Shot)(Zaw+Uni)Tahanan ng mga kuwento. Tumuklas ngayon