[Zawgyi]
"သမီးရေ လာတော့ အမေတို့သွားတော့မယ်"
"ဟုတ် အမေ လာပြီ...!"ကျွန်မက Allison ပါ။
နွေရာသီကျောင်းပိတ်တော့ အမေIrisရယ် မောင်လေးJackနဲ့ ကျွန်မတို့ နယ်မှာ
ဝယ်ထားတဲ့ အိမ်လေးဆီ အပန်းဖြေခရီးထွက်ကြမှာပေါ့။
မောင်လေးက ၁၀နှစ်ပဲရှိသေးတယ်... ကျွန်မကတော့ ၁၆နှစ်ရှိပါပြီ။အဖေနဲ့က မတွေ့ဖြစ်တော့တာ ကြာပါပြီ...အဖေနိုင်ငံခြားကို ထွက်သွားကတည်းကပေါ့။
ကျွန်မက အဲ့တုန်းက ဘယ်နှစ်နှစ်ရှိအုံးမလဲ....၁၀နှစ် ဝန်းကျင်လေးပေါ့။
အဲ့တော့ အမေနဲ့ပဲ အမြဲအတူနေရတာ။ အမေက ကျွန်မရဲ့အုပ်ထိန်းသူတစ်ယောက်ဖြစ်သလို သူငယ်ချင်း
တစ်ယောက်ဆိုလည်း မမှားပါဘူး။ အဖေမရှိတော့ကတည်းက အခုချိန်ထိ ကျွန်မတို့မောင်နှမနှစ်ယောက်အပေါ် အမေက အမေလိုတမျိုး အဖေလိုတစ်ဖုံ လိုလေးသေးမရှိ အစစအရာရာ ဖြည့်ဆည်းပေးခဲ့တယ်။အမေနဲ့ မောင်လေးရှိနေတာနဲ့တင် ကျွန်မဘဝမှာ
လုံလောက်ပါပြီ။ကျောင်းပိတ်သွားလို့လည်း သူများတွေလို သူငယ်ချင်းတွေကို လွမ်းနေတာမျိုးဖြစ်မနေဘူး။
ကျောင်းမှာလည်း တစ်ယောက်တည်းပဲ နေလေ့ရှိတယ်။
လူတွေနဲ့ အရောတဝင်နေရတာ မကြိုက်တာကြောင့်
ကျွန်မဟာ တခြားလူတွေနဲ့ ကွဲပြားစွာ အမြဲတမ်း တစ်သီးတသန့် ဖြစ်နေတက်သည်။အတွေးတွေကို ရပ်လိုက်ပြီး ကားမှန်ရဲ့ အပြင်ဘက်ကို ကြည့်လိုက်တော့...အယ်!...အသစ်ဝယ်ထားတဲ့ အိမ်လေးဆီတောင် ရောက်တော့မှာပဲ ...ဟိုးမှာ လှမ်းမြင်နေရပြီ။
ကျွန်းနှစ်ထပ်အိမ်ကြီးကိုမှ တစ်အိမ်လုံးကို အဖြူရောင်များဖြင့်ဆေးခြယ်ထားသည်။ အိမ်ကြီး၏ ဘေးပတ်လည်မှာလည်း စိမ်းလန်းသော သစ်ပင်ကြီးများက ကာရံထားသဖြင့် မြင်ရတာက အလွန်မှကို အေးချမ်းသာယာလှသည်။အမေက ကားကို အိမ်ရှေ့မှာ ရပ်လိုက်တယ်။ ကားရပ်ရာနေရာနဲ့ အိမ်ကြီးဆီသို့သွားရာ လမ်းတလျှောက်ကိုလည်း အလှကျောက်စရစ်ခဲများ ခင်းကျင်းထားသည်။
ကျွန်မတို့လည်း ကိုယ့်အထုပ်အပိုးတွေကို ကိုယ်စီသယ်ပြီး အိမ်ပေါ်သို့ တက်လာကြတယ်။
YOU ARE READING
In One's Mind's Eye [A Girl Near The Lake]
Short StoryYou are the most beautiful thing I keep inside my heart....