အခန်း(4)ရင်ခုန်ခြင်း

32 1 0
                                    

ထိုလူငယ်လေးသည် သူ၏နံဘေးသို့နေရာယူ၍ဝင်ထိုင်လိုက်လေသည်။သူသည်ထိုလူငယ်လေးအားသူ၏မျက်လုံးထောင့်စွန်းမှ တစ်ချက်လှမ်း၍ကြည့်မိလိုက်သည်။(ခိုးကြည့်ခြင်းအနုပညာ)ထိုလူငယ်လေး၏မျက်တောင်များမှာဖြောင့်စင်း ရှည်လျား၍ တောက်လောင်နေသောမီးအရောင်ကြောင့် အညိုရောင်မျက်လုံးလေးများမှာပို၍လှပ နေသည်ကိုတွေ့ရသည်။မျက်ခုံးများမှာလည်းထူထပ်နက်မှောင်ကာ  အနီရောင်သမ်းနေသော နှုတ်ခမ်းများနှင့် လွန်စွာလိုက်ဖက်လှပေ သည်။အကယ်၍ ထိုနှုတ်ခမ်းပါးလေးများသား ထောင့်စွန့်သို့ ပြုံးလိုက်ပါက ပိုမို၍လှပသွားမည်မှာအသေချာပင်။ ထိုသို့ငေးမောမိနေစဥ်
အသိစိတ်ကပ်သွားရပြီးသူရုတ်တရက် သူ့ကိုယ်သူပင် လန့်ထိတ်သွားရပေသည်။အခုမှတွေ့မိသော ယောကျ်ားပျိုတစ်ယောက်အား
အဘယ်ကြောင့်စိတ်မှ ပြစ်မှားမိရသနည်း ။မိန်းမပျို မဟုတ်ဘဲ ယောကျာ်းပျိုတစ်ယောက်အား.........
သူ့ကိုယ်သူပင်နားမလည်နိုင်တော့။စဥ်းစားရင်းနှင့်ပင်သူ၏ပါးပြင်သည်နီတက်လာသဖြင့် ထိုလူငယ်လေးထံမှ မျက်လုံး ကိုအလျှင်အမြန်လွှဲလိုက်ရသည်။"ခင်ဗျားတို့နေပြည်တော်ကဝေးသလား"ဟု ထို လူငယ်လေးထံမှစကားသံထွက်ပေါ်လာသောအခါတွင်မှ သူသည် ထို လူငယ်ထံသို့ တစ်ချက်ကြည့်မိလိုက်သောအခါ သူ့အားစိုက်ကြည့်နေသောစူးရှသည့်မျက်ဝန်း အညိုလေးအားတွေ့မိလိုက်တော့သည်။ ထိုအခါမျက်ဝန်းနှစ်စုံသည်အပြန်အလှန်ဖြစ်၍ ဆုံစည်းသွားရတော့သည်။ ခန္ဓာကိုယ် အတွင်းရှိသွေးများသည် ငယ်ထိပ်သို့ဆောင့်တက်သွားသလိုခံစားလိုက်ရသဖြင့် ထပ်မံ၍ မျက်လွှာကို ချလိုက်ရသည်။ ထို့နောက် "အင်း..ဝေးတယ်"ဟူသောစကားကိုမတုန်လှုပ်အောင်ထိန်း၍ပြောလိုက်ရသည်။ထို့နောက်ဆက်တိုက်ဆိုသလိုထိုလူငယ်လေးကားမေးခွန်းများမေးလာခဲ့တော့သည်။"ခင်ဗျားတို့နေပြည်တော်ကဒီကထက်ပူသလား""ဘာတွေရှိသလဲ"စသဖြင့်မေးမြန်းလာတော့သည်။ထိုလူငယ်လေးမှာအလွန်ပင်စပ်စုမေးမြန်း တတ်လှသည့်ကလေးငယ်တစ်ယောက်အလား။"ပူတယ်"လို့သူကပြန်၍ဖြေလျှင်"အော်..အရမ်းပူသလား"ဟူ၍ပင်ကလေးတစ်ယောက်အလား မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်သာ ကျွန်တော်ကိုကြည့်နေခဲ့သည်။ကလေးမချစ်တတ်သောယောကျ်ားရင့်မာကြီးတစ်ဦးမှာအရွယ်ရောက်ပြီးသားကလေးတစ်ဦးအားချစ်ခင်မိသလေလော။စစတွေ့ချင်းကထိုလူငယ်လေးသည် ရင့်ကျတ်သယောင်ယောင် ယခုအခါ ဖြူစင်သောကလေးငယ်တစ်ယောက်လိုပင်။ဒီ လူငယ်လေးသည် အခုမှတွေ့ သောလူတစ်ယောက်နှင့် ဤမျှရင်းရင်းနီးနီး နေသလော။ ထိုလူငယ်လေးသည် အချိန်ခဏကြာမြင့်ပြီးသောအခါ ငိုက်မြီးလာသည့်ပုံစံ ဖြင်း "ဝါး"ဟူ၍ တစ်ခက်သမ်းရီလာပြီး ထိုလူငယ်၏မျက်တောင်လေးများငိုက်စင်းလာသည်ကိုသူတွေ့လိုက်ရသည်။မကြာမီပင် ထိုလူငယ်လေးသည်ခေါင်းလေးကိုဘယ်ညာယိမ်းစပြုလျက်ရှိ သ ည်။နောက်  ခေါင်းလေးသည်ငိုက်ကျလာကာဘေးသို့ စိုက်ကျလာတော့မည့်အချိန်တွင်
သူက လက်တစ်ဖက်ဖြင့်ထိန်းလိုက်၍တခြား
လက်တစ်ဖက်ဖြင့် သူ၏ပုခုံးအားပန်းရောင်ခေါင်ပေါင်းလေးကိုမှီစေလိုက်တော့သည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အခုပထမဆုံးဇာတ်လမ်းလေး စရေးတာမိုအမှားပါရင်ခွင့်လွှတ်စေချင်ပါတယိ ဖတ်မဲ့သူမရှိလဲအပျော်ဆက်ရေးနေအုံးမှာပါ😊
အကယ်၍ ဖတ်ခဲ့လျှင် vote commentကလေးတေပေးခဲ့ရင်တော့အထူးကျေးဇူးတင်ပါတယ်💛

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

The Love Between Me & YouWhere stories live. Discover now