Part 3

7.1K 732 47
                                    

ရှောင်းကျန့် တစ်ယောက် crushကိုကြောင်ဖို့ အဲလေ မဟုတ်ပါဘူး crushဆီက အမှတ်ရအောင်လို့  မနက်စာ မုန့်ဘူးလေးပြင်နေတာ
သူစောစောထပေမယ့်လည်း ရုံးတက်ချိန် ၈:၀၀ ဆိုတဲ့ company ဆန်းဆန်းကြီးကြောင့် သူ့နည်းနည်းတော့ နောက်ကျနေပြီ

ဒါကြောင့် အဝတ်အစားကို ​အမြန်လဲပီး
company အမြန်သွားဖို့လောနေရတာကြောင့် ဘေးက တိုက်ခန်းမှာ ပစ္စည်းတွေရွှေ့ပြောင်းနေတဲ့ အလုပ်သမား တွေကို တောင် မစပ်စုအားဘူး
အလုပ်လုပ်တာ ဒီနေ့မှနှစ်ရက်ကို မနေ့ကလည်းအစောမရောက်ဘူး ​ဒီနေ့လည်းနောက်ကျနေတယ်ဆို ပြုတ်ရချည်သေးရဲ့ မဖြစ်ဖူး မဖြစ်ဘူး ပြုတ်လို့မဖြစ်ဘူး ရိပေါ်လေးနဲ့ ဝေးသွားရင် ဝမ်မိဖုရားနောက်ပါသွားလိမ့်မယ်

​အားတဲ့နေ့မှပဲ အိမ်နီးချင်းကို မိတ်ဆက်တာပေါ့ ဆိုပြီး ဓာတ်လှေကားဆီအသွား မျက်စိရှေ့မှာတင် သီသီလေးပိတ်သွားတာကြောင့် လှေကားကပဲ ဆင်းဖို့ ရွေးလိုက်တယ် ငါးထပ်လောက်ပဲ ကို အဆင်ပြေပါတယ်
ရှောင်းကျန့်လည်း ကိုကို့ကိုယ်အားပေးရင်း
လှေကားပေါ် ကပြေးဆင်း လိုက်တယ်
သူ့ရဲ့ ရှည်လျားတဲ့ ခြေတံကြီးတွေနဲ့ နှစ်ထစ်သုံးထစ်ကျော်ဆင်းနေတာကြောင့်
အောက်ဆုံးထပ်ရောက်ခံနီး လှေကားသုံးထစ်အလိုမှာပဲ ချော်ကြသွားတယ်
ရှောင်းကျန့်လည်း သွားပြီလိ​ု့ တွေးလိုက်ရင်း မျက်လုံး စုံမှိတ်လိုက်ပေမယ့်
သူတွေးထားသလို့ သူ့ရဲ့ ခေါင်းဟာ ကြမ်းပြင်မာမာကြီးနဲ့ မိတ်ဆက်နေခဲ့တာ မဟုတ်ဘူး
ကျယ်ပြန့်တဲ့ရင်ခွင်ကျယ်ကြီးထဲမှာရောက်နေခဲ့တာ
ကယ်တင်ရှင်ကြီး ကို ကျေးဇူးစကားဆိုဖို့ မော့အကြည့်မှာပဲ
ရှောင်းကျန့်ရဲ့ မျက်လုံးအစုံတို့ ပြူးကျယ်ကုန်တယ်
ficထဲက crushကြီး ပိုင်ကောကော
ဟုတ်တယ်ပိုင်ကောကောမှ ပိုင်ကောကောအစစ် အကြည့်တွေကအစနူးညံ့မှုတွေပြည့်နေခဲ့တာ
သူအရင်က ဒီတိုက်မှာမတွေ့ဖူးတော့ အသစ်ရောက်လာတဲ့ အိမ်နီးချင်းများ လား
ရှောင်းကျန့်သိချင်စိတ်တွေများနေပေမယ့်
မမေးအားသေးဘူး အလုပ်နောက်ကျနေပြီ

"ဖမ်းထား ပေးလို့ ကျေးဇူးနော် ကောကော
နောက်မှ မိတ်ဆက်တော့မယ် ဟီးး
အလုပ်နောက်ကျနေလို့ "

Changes 🐰မထင်မှတ်ထားသော ပြောင်းလဲခြင်း 🐰 S2{Completed}Where stories live. Discover now