Part 24

6.5K 648 47
                                    

ဝေ့ကျိုးလည်း toilet ထဲရောက်တော့ အရိပ်အခြေကြည့်ပြီး စကားပြောလို့ရလောက်မယ့်အခြေအနေမျိုး​ရှိတာမို့
သူ့ရဲ့ မေးခွန်းတွေကိုစလိုက်တယ်

"Wang CEOလည်း ရှောင်းကျန့်အပေါ်မှာ ခံစားချက်ရှိပုံပဲ
အစောက ရှောင်းကျန့်အနမ်းခံရတုန်းက မျက်နှာပျက်သွားတာတွေ့လိုက််တယ် "

"Qing CEO လည်း ကျွန်တော်လိုပဲမလား
ရိပ်မိပါတယ် "

တစ်ယောက်အရိပ်အခြေတစ်ယောက်ကြည့်ပြောနေကြတဲ့သူတို့နှစ်ယောက်လုံးက ရှောင်းကျန့်အတွက်ခံစားနေရမှန်း သူတို့ကိုယ်တိုင်သိကြတယ်
ဒီကိစ္စကို ဝန်ခံဖို့က ရှက်စရာ​မဟုတ်ပေမယ့် ခုချိန်မှာ ရှောင်းကျန့်က အခြားသူပိုင်ဆိုင်ပြီးသား​ဖြစ်နေပြီမို​့
ထုတ်ပြောတဲ့အထိမဟုတ်ပင်မယ့် တစ်ယောက်ိုတစ်ယောက်နားလည်ကြတယ်

"Wang CEO ကို ပြောချင်တာက ရှောင်းကျန့်လေး တောင်းဆိုတဲ့ ကိစ္စကို လက်ခံပေးဖို့ပါ
ကျွန်တော်က ရှောင်းကျန့်ကို အဆုံးအစွန်ထိ ပျော်ရွှင်စေချင်တယ်"

Qing CEO ​ကျန်ကျန့်လေးအပေါ် ချစ်မြတ်နိုးမှုက လေးစားလောက်ပါတယ် သူခံစားနေရ ချိန်မှာတောင် ကျန့်ကျန့်လေးပျော်ရွှင်ဖို့ကို ဦးစားပေးခဲ့တာ
ကျန့်ကျန့်လေးက တကယ်ကို အချစ်ခံလေးပဲ
ညီက​လည်း ကျန့်ကျန့်လေးကိုဆို တုန်နေအောင်ချစ်တာ
သူတို့နှစ်ယောက်ရဲ့ အချစ်နဲ့စာရင် ကိုယ့်ကျန်ကျန့်လေးအပေါ် ထားပေးတဲ့အချစ်က မပြောပလောက်ပါဘူး
ဘာပဲဖစ်ဖြစ် ကိုယ်လည်း ကျန့်ကျန့်လေးကို ပျော်ရွှင်စေဖို့ ဆန္ဒရှိပါတယ်

"ဒါဆို ကျွန်တော်တို့နှစ်ယောက် ကျန့်ကျန့်လေးရဲ့ တောင်းဆို မှုကို လက်ခံပေးကြမယ် "

"အကောင်းဆုံးရွေးချယ်မှုပဲ Wang CEO "

​ဝေ့ကျိုးနဲ့ ရိရှင်းလည်း အဆင်ပြေပြေဆွေးနွေးခဲ့ပြီးတာမို့ ရှောင်ကျန့်လေးတို့ဆီသာပြန်လာပြီးလက်ခံကြောင်းပြောတော့ ရှောင်းကျန့်လေးခမျာပြောနေရှာတာ

"ကောကောတို့ တကယ်ကျေးဇူးနော် လက်ခံပေးလို့
ကျေးဇူးတင်တဲ့ အထိန်းအမှတ်အနေနဲ့ Cheer "

Changes 🐰မထင်မှတ်ထားသော ပြောင်းလဲခြင်း 🐰 S2{Completed}Onde histórias criam vida. Descubra agora