Yeonjun လည်း အင်းတစ်လုံးတည်းသာပြန်ဖြေခဲ့သည်။
အရင်တည်းကသွားနေကျပေမဲ့ အခုတော့တစ်ခုခုကိုစိတ်မချသလိုဖြစ်ကာမသွားချင်သလိုဖြစ်နေသည်။ သေချာတာကတော့ Taehyun ကိုဟိုနှစ်ယောက်နဲ့ထားခဲ့ရမှာကိုစိတ်မချခြင်းပေ။******
အိမ်ပြန်ရောက်တော့ Yeonjun လည်း Taehyun ကို
သွားရမယ်ဆိုတဲ့အကြောင်းပြောပြီး ခေါ်သည်။ ဒါပေမဲ့လည်း
Taehyun ကမလိုက်ပါ။"Tae ဘာလို့မလိုက်တာလဲ"
"ကျွန်တော် မလိုက်တော့ဘူး။ဒီတိုင်း ပင်ပန်းလို့။ ပြီးတော့ ဦးအတွက်လည်းဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့။ အလုပ်ကိစ္စနဲ့သွားမှာဆိုတော့အေးဆေးသွားပါ။ ကျွန်တော်ကိုစိတ်မပူပါနဲ့။ ကျွန်တော်အဆင်ပြေပါတယ်။"
"Taeမလိုက်ချင်ဘူးဆိုလည်း ရပါတယ်။ ဒါပေမဲ့ဂရုစိုက်နော်။
ဒီတစ်ခေါက်ဘယ်လောက်ကြာမှန်းမသိဘူး။ အိမ်မှာ Soobinကျန်ခဲ့မှာ။ အဲ့ဒါ... ""ရပါတယ် ဦးရဲ့ စိတ်မပူပါနဲ့ဒီလိုပဲအဆင်ပြေအောင်နေရမှာပေါ့"
"အင်း စိတ်ချမယ်နော် ဦးသွားပြင်ဆင်လိုက်ဦးမယ်"
"ကျွန်တော်ပြင်ပေးမယ်"
"အင်း"
*********
"ညီမလေးကအဖေနဲ့လိုက်သွားရမှာလား? "
"အင်း ဟုတ်တယ်အစ်ကို ဒါပေမဲ့ Taehyun က.. "
"အေးအေးဆေးဆေး စိတ်ချလက်ချသွား အစ်ကိုတာဝန်ထားလိုက် အစ်ကို့ကိုယုံတယ်မလား"
Soojin သဘောပေါက်လိုက်ပြီ သူ့အစ်ကိုဘာကိုဆိုလိုတယ်ဆိုတာ"ယုံပါတယ် အစ်ကိုရယ် စိတ်ချမယ်နော် အဖေကိုလည်း ဟိုမှာအချိန်ဆွဲထားမယ်"
"အင်း"
Soobin လည်းခပ်ညစ်ညစ်ပြုံးလိုက်တယ်။
***
"အဖေ သွားမယ်လေ ဟိုမှာစောင့်နေကြပြီ""အေး လာပြီ။ Tae ဦးသွားတော့မယ် "
"ဟုတ် ဂရုစိုက်သွားပါ"
ခေါ်နေတာကိုမလာသေးပဲ အလွမ်းသယ်နေသောထိုနှစ်ယောက်ကိုကြည့်ကာ Soojin
စိတ်တိုသည်။ သားကိုမလုပ်ပဲ.. အော် တော်တော်အံဩဖို့ကောင်းတယ်လို့တောင်တွေးမိသည်။
