Soojin လည်းပြောပြီးတစ်နေရာထထွက်သွားခဲ့သည်။
Soojin ထိုင်လိုက်တဲ့နေရာကတော့ဒါရိုက်တာအဖွဲ့ဝင်တွေထိုင်နေတဲ့နေရာပင်
"အခုလို ဒီပွဲကိုလာရောက်ချီးမြှင့်ပေးကြတဲ့ ဟောဒီကဒါရိုက်တာကြီးတွေကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်" လို့ကSoojin ကပြောလိုက်တော့
"လာရမှာပေါ့ဗျာ ကျွန်တော်တို့ဥက္ကကြီးရဲ့လက်ထပ်ပွဲပဲ မဟုတ်ဘူးလား" လို့ဒါရိုက်တာတွေလဲပြန်ဖြေလိုက်သည်။
ဒါရိုက်တာတွေလည်းစကားပြောပြီးတာနဲ့ ထသွားတဲ့သူကသွားထိုင်နေခဲ့တဲ့သူကထိုင်နဲ့။ ဒါပေမဲ့ Soojin လာတဲ့ရည်ရွယ်ချက်ကဒါရိုက်တာတွေကိုလာနူတ်ဆက်ဖို့မဟုတ်ပဲဒါရိုက်တာအဖွဲ့ဝင်တွေထဲကတစ်ယောက်ဖြစ်တဲ့
company ရဲ့တတိယရှယ်ယာအများဆုံးသူ ထိုသူမှာ
Hueing Kai ပင် သူလည်းငယ်ပေမဲ့ခေသူတော့မဟုတ်။အမေရိကန်ကပြားဖြစ်ပြီး တည်ငြိမ်ပြီးထက်မြတ်သူ။Soojin ရဲ့ကွာရှင်းဖြတ်ဆဲထားတဲ့ယောက်ျားဖြစ်သူဆိုလည်းမမှားပေ။
Soojin ရှင်းစရာရှိတဲ့ကိစ္စဆိုသည်မှာ Hueing Kai
နှင့်ပင်။"ရှင်. .ကျွန်မသားကိုဘယ်မှာဖွက်ထားတာလဲ???! "လို့ Soojin မေးလိုက်တော့ ထိုအခါ Hueing Kai မှ သူ့ဖုန်းကိုကြည့်နေရာကနေ Soojin ကိုကြည့်ကာ
"သားနဲ့ မင်းနဲ့ဘာဆိုင်တော့လို့လဲ" လို့ပြန်ဖြေလိုက်သည်။
" ပြီးတော့လည်းမင်းပါးစပ်က ငါ့သားကို သားလို့ခေါ်စရာမလိုဘူး မေးလည်းမေးစရာမလိုဘူး မင်းရဲ့သားလည်းမဟုတ်တော့ဘူး"လို့ပြောလိုက်တော့"ရှင် တော်တော်အတ္တကြီးတာပဲ Hueing Kai ကျွန်မကသားကိုဝမ်းနဲ့လွယ်ပြီးမွေးခဲ့တဲ့ အမေပါ။ ရှင်အဲ့လိုတော့မပြောပါနဲ့ ကျွန်မသားလေးကို ကျွန်မလည်းတွေ့ချင်တာပေါ့! "လို့ Soojin ကပြောလိုက်တော့ Hueing Kai မှရယ်ပြီး
"ဘာ.. ဝမ်းနဲ့လွယ်ပြီးမွေးခဲ့တဲ့အမေ ဟုတ်လား!! အဲ့အမေကပဲ ငါ့သားလေးကိုပစ်သွားခဲ့တာလေ!အဲ့တုန်းကသာ မင်းငါတို့သားဖနှစ်ယောက်ကိုရွေးချယ်ခဲ့ရင် သာယာတဲ့မိသားစုလေးကိုပိုင်ဆိုင်နေရပြီ ဆိုတာမင်းသိရဲ့လား!!! မင်းရဲ့ရွေးချယ်မှုကမှားသွားခဲ့တော့ စိတ်မကောင်းစရာပဲ Choi Soojin shiii! "လို့ပြောပြီး
ထွက်သွားခဲ့တယ်။ Soojin လည်းစားပွဲမှာငိုင်ပြီးကျန်ခဲ့တော့သည်။ ထိုအခြေအနေကိုရိပ်မိတဲ့ Soobin ကတော့ ညီမဖြစ်သူကိုသူဘာပြောသွားလဲမေးလို့မေးလိုက်သည်။"အစ်ကို ညီမဘယ်လိုလုပ်ရမလဲ သားကိုတွေ့ခွင့်မပေးဘူးတဲ့" လို့ငိုသံပါပါနဲ့ပြောလိုက်တော့
"ညီမလေး ဘာမှမဖြစ်ဘူး ခဏလေးပဲသည်းခံပြီးစောင့်လိုက်
ဒီကြားထဲအမူအရာမပျက်စေနဲ့ အစ်ကိုစီစဉ်ပေးမယ်" လို့ပြောပြီး Soobin လည်းထွက်သွားလိုက်သည်။Soobin လည်းထွက်သွားတော့ Soojin ထိုင်နေတဲ့စားပွဲစီကို လူတစ်ယောက်ရောက်လာပြီး လာနူတ်ဆတ်ခဲ့သည်။ ထိုသူမှာ Eternally company ရဲ့အပြိုင်company ဖြစ်တဲ့ PUAM company ကCEO Choi Beomgyu ပင်။
"ဟိုင်း.. အလှလေး မင်းကကိုယ့်ကိုဖိတ်တုန်းကဖိတ်ပြီး လာတောင်မနှုတ်ဆတ်ဘူးနော်."
"Ohhh! Sorryနော် Choi Beomgyu shiii
ဒါပေမဲ့ ဒီပွဲကိုဖိတ်တာ ဟောဒီက Choi Beomgyu တစ်ယောက်ထဲမဟုတ်တာကိုတော့ သိမယ်ထင်ပါတယ်နော်""ဟုတ်ပါပြီ ကိုယ်ကပဲမှားတာပါ။ ဒါနဲ့ မင်းအဖေရဲ့သတို့သားကတော်တော်ချောတာပဲ မိန်းကလေးတောင်ရူံးလောက်တယ်နော် အဲ့ဒါကြောင့်လည်း
Uncle Yeonnjun က... ""ရှင်ဒါတွေဆက်ပြောနေမယ်ဆိုရင်တော့ ဒီပွဲထဲကထွက်သွားလိုက်ပါတော့ ရှင်သာလူကြီးလူကောင်းတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီလိုစကားမျိုးမပြောတာကောင်းမယ်ထင်တယ်! "
"Oh!! Sorryပါ ကိုယ်စကားလွန်များသွားလား!"Beomgyuကခနဲ့သလို ပြောလိုက်ပြီးထွက်သွားလိုက်တယ်။
ဒီအပိုဒ်နဲနဲတိုသွားတယ်😁
