Episode 1

859 65 6
                                    

Unicode........

မြက်ခင်းစိမ်း ပေါ် မှာ ပွင့်နေတယ့် မီးတောက်လေး
တစ်ခုက ကမ္ဘာကြီးလိုထွန်းလင်းနေပီး ပန်းရနံ့တွေနဲ့ ပြည့်နှက်နေတယ်လိုအိမ်မက်မယ်တယ်။

ဆောင်းတွေရဲ့  နွေးထွေးမူတွေကြားအကာကွယ်ယူနေတယ့် ဒီကောင်လေးက ဒီနှစ်အတွက်သင်ခန်းစာတွေကြားခေါင်းနှစ်ရင်းဆေးကျောင်းသားလေးဖြစ်လာမှန်းမသိဖြစ်လာခဲ့တယ်။

နွေးထွေးတစ်အသိုက်အမြုံတွေကြားနေအပ်လို့ မိဘတွေရဲ့စောင့်ရှောက်မူတွေ ခံယူရင်း ကျောင်းသွားမို့ နောက်ကျနေပီဖြစ်တယ်။

" အားဝမ် ထတော့ ၇နာရီခွဲပီ "

အပြင်ဘက်မားရဲ့အသံကတကယ်ကို ပဲဘယ်လိုပြောရမလဲ ၊ အရမ်းကိုအိပ်လို့ကောင်းနေတာကို ဖျက်စီးလာတယ်။

" မား ၊ တစ်မိနစ်လောက် "

" အားဝမ် နာရီတစ်ချက်ထကြည့်ဦး "

ကျစ်တစ်ချက်သက်ကာ အိပ်ချင်မှုးတူးမျက်လုံးကိုလက်နဲ့အသာအယာပွတ်ဆွဲလိုက်ပီး မှန်တင်ခုံ ပေါ် က မျက်မှန်အထူကြီးကိုဝတ်ကာ နာရီကြည့်လိုက်တယ်။

" အာ ၊ မားရာ ၈ နာရီတောင်ထိုးတော့မယ် "

အလောတကြီး အုန်းဒိုင်းဂွမ်းသံကြားမှာရေချိူးခန်းကိုအမြန်ပြေးရတယ်။

" ............."

" ဒီနေ့ Assignment ထပ်ရမှာပါဆို ကျွတ်စ် "

သွားပွတ်တံကို ယူလို့ ခပ်မြန်မြန်သွားတိုက်လိုက်ပီး
အောက်ထပ်ကိုအမြန်ပြေးဆင်းရတယ်၊ ကျစ် ဒီနေ့ကျောင်းပြန်တက်ရမယ့်နေ့။

" ကျွန်တော် ကို အစောနိုးပါဆို မားရာ "

လေးထောင့်စားပွဲခုံတွေမှာဝင်ထိုင်ကာ ပွစိပွစိရေရွတ်သံတွေကြား မုန့်ပန်းကန်ကို လှမ်းနေတယ့်လက်တွေကို မား က ဖြတ်ရိုက်လာတယ်။

" နောက်ကျတယ့် ထိစာတွေကျက်ပြန်ပီလား "

" မားကလည်း ကျွန်တော် က ဒီနှစ်ပဲစာလုပ်ရတော့မှာကို "

" ရော့ နွားနို့ပူပူလေးသောက်သွား "

မျက်စောင်းထိုးကာ အပေါ် တက်သွားတယ့်မားကိုတော့စိတ်ထဲကပြောင်ပြလိုက်တယ်၊ ဟုတ်တယ်လေ သူက အခု ဆေးကျောင်းနောက်ဆုံးနှစ်။

Dear My LanArrrWhere stories live. Discover now