WhiteFantasy - kris'pov

2K 108 1
                                    

" KRIS…"

ခေါ်သံလေးတစ်ခုကြောင့် ကျနော် ခေါင်းမော့ကြည့်လိုက်သည်… မကြည့်လည်း ဘယ်သူလဲသိပေမယ့် ကျနော် သူ့မျက်နှာလေးကို မြင်ချင်သည်လေ…

တံခါးဘောင်ကို လက်နဲ့ကိုင်ထားပြီး ကျနော့ကို ကိုယ်တစ်ပိုင်းထွက်ကြည့်နေတဲ့ အဲ့ဒီအရိပ်လေးကို ကျနော့မျက်လုံးလေးတွေ ပြုံးသွားတဲ့အထိ အကြည်စင်ဆုံး ရယ်ပြလိုက်မိသည်…

" woaaa… ရယ်ပြတယ် ! geကို စိတ်ကောက်နေမယ်ထင်တာ…"

အံ့သြသွားပုံလေးနဲ့ တံခါးနောက် ကွယ်နေရာက သူကျနော့ဆီ လျှောက်လှမ်းလာသည်… စာကြည့်စားပွဲက ထိုင်ခုံမှာထိုင်နေတဲ့ ကျနော့ဘေး ဒူးထောက်ထိုင်လိုက်ပြီး… ကျနော့မျက်နှာကို လာအုပ်ကိုင်တဲ့ လက်ဖဝါးနွေးနွေးလေး နှစ်ဘက်… ပြီးတော့ ပြုံးနေတဲ့ ပန်ဒါမျက်ဝန်းလေး ထောင့်ချိုးလှတဲ့ နှုတ်ခမ်းလေးတွေနဲ့ ပြီးပြည့်စုံနေတဲ့ ကြည်လင်တဲ့ မျက်နှာလေးက ကျနော့ကို မော့ကြည့်လို့……

" aigoo… ချစ်ဖို့ကောင်းလိုက်တာ စိတ်မကောက်တဲ့အပြင် ပြုံးပြသေးတယ်ဆိုတော့…"

ကျနော့ ဆံပင်လေးတွေကို အသာသပ်ပေးပြီး ထိုင်ရာမှထကာ ကျနော့ရှေ့က စာရွက်လေးတွေကို ကောက်ကြည့်နေပြန်သည်…

" ကဲ… ကြည့်ရအောင်…… geရဲ့piccasoလေး ဘာတွေ လက်စွမ်းပြထားပြန်ပြီလဲ…"

စာရွက်တွေကို တစ်ခုပြီးတစ်ခုကြည့်… ခေါင်းတညိမ့်ညိမ့်နဲ့… တခါတလေလည်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးလို့…… အမျိုးမျိုးပြောင်းနေတဲ့ အဲ့ဒီမျက်နှာပေါ်က အရိပ်လေးတွေကိုပဲ တစ်ခုမကျန် လိုက်ဖမ်းဆုပ်နေမိသည်…

" ahhh… မေ့နေတာ ကြည့်စမ်းးး geမုန့်ယူလာတယ် သိလား shh… ကားထဲမေ့ခဲ့တယ်… ခနနော် Kris "

ပြောပြီး လက်ထဲက စာရွက်တွေ ကပျာကယာချ အခန်းထဲကနေ ခပ်သုတ်သုတ် ထွက်သွားပြန်သည်…

သူပေါ့… ကျနော့ဆီကို သုံးရက်ခြားတစ်ခါ ရောက်လာတတ်တာ… အမြဲ သူ့ကိုယ်သူလည်း geလို့ပြောပြီး ကျနော့ကို ကလေးလို ဆက်ဆံတတ်တာ… တကယ်ဆို သူ ကျနော့ထက် ငယ်တယ်လေ… ငယ်တယ် ! အင်းးး ကျနော်က ငယ်တယ်ပဲ ထားပါတော့…

White Fantasy    - taoris -Where stories live. Discover now