ဘာလို့ဝိတ်စချချင်တာလဲဆိုတာက စမယ်ထင်တယ်နော်။ လွင်ကလှ ချင်လာလို့လား 🤔 လှချင်တာကတော့ အမေက မွေးလိုက်ပြီးသိတတ်စအရွယ်ထဲက ပါပဲ။ ဒါလည်း သိပ်မဟုတ်သေးဘူးထင်တယ်။ ဒါဆိုဘာလို့ပါလိမ့် ကိုဗစ်ကာလမို့ အဝလွန်ရင် ပိုစိုးရိမ်ရလို့များလား။ ဒါလည်းပါနိုင်တာပေါ့။ တကယ်က ကိုယ်က ဘယ်လိုအခုလည်းလှပါတယ်ပြောနေနေ ကိုယ့်ကိုယ်အတွင်းထဲက သိပါတယ် ညာမရပါဘူး။ ငါပိန်ရင်ပိုလှတယ်ဆိုတာမျိုး ကျန်းမာရေး ကောင်းပါတယ်ဘယ်လောက်ပြောပြော အခုကျ အထိုင်အထလေးနေတာမျိုး၊ အစားအသောက်အဆီအဆိမ့်နဲ့ သွေးတက်စာ စားရင် သွေးတိုးချင်လာတာမျိုးနဲ့ တခုပြီးတစ်ခု ဖြစ်လာတဲ့ အခါမှာ ပဲ စာတကြောင်းမြင်မိတာ "one pound at a time" တဲ့။
အရင်ကလည်းကြည့်လိုက်ရတဲ့ body transformation video တွေ လုပ်ဖြစ်လားဆိုတော့ အားကျရုံပဲ ငါအများကြီးလျှော့ရမှာ ( အဲ့ ဟာတွေကြည့်တုန်းကဆို ပေါင် ၃၅ ပေါင်တောင်လျှော့ရမှာလေ တကယ်စလည်း ဝိတ်ချရော ၄၅ ပေါင်ကိုကျအောင်လုပ်ဖို့ဖြစ်ရော 😝) အပေါ်က စာကြောင်းမြင်မိတော့ အင်း အများကြီးမဟုတ်ဘူး တခါ တရက် တပတ်အတွက် target လေးနဲ့ သွားမယ်ပဲတွေးပြီးစခဲ့တာပါ ။ ပြီးကျဘာမြင်လဲသိလား။ ပိန်လာရင် ဝတ်မယ့်ပုံတွေ စကပ်အတို ပြီးကျ body fit dress တွေ high waist jean တွေ နောက်တခုက studio မှာသေချာရိုက်ဖို့ပါ။ ဒီလိုနဲ့စတင်ဖို့ကြိုးစားခဲ့ပါတယ်။
အဲ့လို စတင်မယ်တွေးတော့ အရင်ဆုံးလိုက်ကြည့်ရတာ လိုက်လေ့လာရတာပါပဲ။ အကြောင်းပြချက်မျိုးစုံကလည်းကိုယ်ကပျင်းပြီးပေးနေတာဆိုတော့။ ဘယ်လိုဆို ပိန်မလဲ ဝိတ်ကျမလဲ အဆီအဆိမ့်ဖြတ်ရင် ပိန်တာ၊ အဆီအဆိမ့် စားရင်ပိန်တာ ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ရတာ၊ မလုပ်ရတာ အဲ့လိုမျိုးစုံကို ကိုယ်နဲ့ ဘာအဆင်ပြေပြီး ပိန်နိုင်လည်း လည်းမသိရပါ။
နောက်တခုက အလုပ် တဖတ်နဲ့ ပိန်ဖို့ကို အချိန် သက်သက်ပေးလို့မရတာ ( အလုပ်မလုပ်ရင် စားချင်တဲ့ မုန့်နဲ့ skincare cosmetic တွေ မရနိုင်ဘူး ဟုတ်တယ်ဟုတ် 😝 ကိုယ့်အတွက်ကတော့ အမှန်ပါ) အဲ့တော့ ပိန်ဖို့ဆိုရင် အချိန်ကုန် သက်သာရမယ်ဆိုတာက စတာပဲ ပိန်လည်းပိန်ချင်သေးတယ် အဲ့ဟာအတွက်ကျ အချိန်ကမပေးနိုင်နဲ့ ဘာလဲဟ လို့ဖြစ်မှာပေါ့နော်။ အိပ်ချိန် စားချိန် အလုပ်လုပ်ချိန်ဖယ်မယ်ဆိုရင် တကယ် ပေးလို့ရတဲ့ အချိန်က နည်းပါတယ် ။ အချိန်နည်းနည်းနဲ့ ဆိုတော့ လိုက်ပြီး ရှာကြည့်တဲ့ အခါမှာ အပေါ်မှာလည်း video တင်ထားပါတယ်။ စတော့မယ်ပေါ့ ။ ပြီးကျတော့ အဲ့ video (https://youtu.be/Winffel8TzA )ကိုကြည့်ကြပါအုန်းနော် ။ အဲ့မှာကလေ့ကျင့်ခန်းနဲ့ အတူ IF ကိုတွဲလုပ်တယ်ပေါ့။ IF ကိုတော့ နောက်မှ အခြေအနေထူးနဲ့အတူပြန်လာပြောပါမယ် ။အရင်ဆုံံးတလစမ်းဖို့ဆိုတော့ နောက် တလ ဒီဇင်ဘာမှာ new year night ကျရင်ပိန်နေမလား အရင်လိုပဲလားတော့ မသိ ရင်ခုန်လိုက်တာ။ကဲပါ one pound at a time ပါရှင်။ အော်နောက်တခုက သူငယ်ချင်းက ပိန်ရင် Uniqlo ဘောင်းဘီ ၁၀ ထည်ဝယ်ပေးမယ်တဲ့ 😝
YOU ARE READING
My long struggling journey of diet and weight loss
Fantasyအသက် ၃၀ပြည့်ပြီးမှ 2009 ကထဲက ချချင်တဲ့ weight ကို အခုကိုဗစ်ကာလ စချဖြစ်တာပါ သေချာပေါက်ပေါ့ အဲ့အကြောင်းကို တနေ့စာ တနေ့မဟုတ်တောင် သွားတဲ့ ခရီးစဉ်တောက်လျောက် ကို မှတ်တမ်းအမှတ်အသားတစ်ခု အနေနဲ့ သူများတွေရော ကိုယ်ရောတူတူကြည့်လို့ရအောင်ပါ ကိုယ်ဘယ်လိုလုပ်ခဲ့...