[ ZAWGYI]
မှန်သားပြင်ရဲ့ တစ်ဖက်ခြမ်းမှာ
စိတ်တိုင်းကျ လွှင့်မျောနေတဲ့
တိမ်စိုင်ဖွေးဖွေးလေးတွေကို
ငေးကြည့်ရင်း ကိုယ်ပြုံးမိလိုက်သည်။ဖြူလွှလွှ တိမ်စိုင်လေးတွေက
လေနှင်ရာအတိုင်း လွင့်မျောနေရပေမယ့်
ကောင်းကင်ကြီးရဲ့ အာဝါသ အောက်ကနေ
ဘယ်တော့အခါမှ လွတ်မြောက်နိုင်မှာ
မဟုတ်ဘူးလေ။စိတ်ကြိုက်သာ
လွှင့်မျောလိုက်စမ်းပါ။ဘယ်နေရာ ရောက်ရောက် ကောင်းကင်ကြီးရဲ့ လွှမ်းမိုးမှုကိုခံရစမြဲပင် ။ကိုယ့်အဖြစ်ကလည်း တိမ်စိုင်လေးတွေနဲ့
ထူးမခြားနားပင် ဖြစ်လေသည်။
သူ နဲ့ဝေးရာကိုအရပ်ကို လွှင့်မျောနေခဲ့တာ
နှစ်တွေတောင် တော်တော်လေး
ကြာနေခဲ့ပြီး မဟုတ်လား။
ဒါတောင် သူ့ကို တစ်ရက်မှ
မေ့လို့မရခဲ့ပေ။မလွတ်မြောက်မှန်း သိပေမယ့်လည်း
ရုန်းထွက်မိခဲ့သည်။ တကယ်ကို
ခက်ခဲလွန်းပါတယ် ။ သူ မရှိတဲ့ ကိုယ့်ရဲ့
နေ့စဉ်ဘဝတွေက အဓိပ္ပါယ်
ကင်းမဲ့လွန်းတယ် ။ အထီးကျန်မှုတွေကို
ထွေးပိုက်ပြီး အကောင်းဆုံး
ရပ်တည်နေခဲ့ရသည်။သူ မရှိဘဲနဲ့လည်း ကိုယ် အကောင်းဆုံး
ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရသည်။
ဒီကြိုးစားမှုတွေက တစ်နေ့ကျရင်
ကိုယ့်ကို သူ့အနားမှာ အမြဲတမ်း ရှိနေနိုင်အောင်
ဖန်တီးပေးနိုင်မယ် ဆိုတာ တထစ်ချ
ယုံကြည်နေခဲ့မိသည်။၆ နှစ်ဆိုတဲ့ ကာလအပိုင်းအခြား
ကြာပြီးတဲ့နောက်မှာ ကိုယ့်ကြိုးစားမှုက
ရုပ်လုံးပေါ်လာခဲ့လေသည်။ အဝေးဆုံးကို
ထွက်ပြေးခဲ့တဲ့ ကိုယ်က အခုဆိုရင်
အနီးဆုံးကို ရောက်အောင် လှမ်းဖို့
အချိန်တန်နေခဲ့ပြီးလေ။ကျွန်တော် ပြန်လာနေပြီးမို့
အရင်အတိုင်းပဲ ရှိနေပေးမယ်ဆိုရင်
သိပ်ကို ဝမ်းသာမိမှာ.......။
_ _ _ _ _ _ _ _ _ _ _ _ _ကျွေးသဖခင်ရဲ့ စေခိုင်းချက်ကြောင့်မို့လိုသာ
ဒီနေရာကို လာခဲ့ရတာ ။ ဂျူတီဝင်ချိန်
နီးနေပြီးဆိုလည်း မရမက အတင်းခိုင်းပြန်
သေးသည်။ ဆေးရုံအုပ်ဆိုပြီးတော့
လူကို အရမ်းခိုင်းတာပဲ ။
