[ UNICODE ]
အထပ်မြင့်အဆောက်အဦးရဲ့
အပေါ်ဆုံးအထပ် တစ်နေရာ၌ ဖြစ်သည်။
ပန်းအိုးသေးသေးလေးတွေ အစီအရီ
စီတန်းထားပြီး ခုံတန်းလေးတွေ
အသင့်အလျောက်ရှိနေတဲ့ နေရာလေးတစ်ခု ။
ပြောရရင် ဆေးရုံကြီးရဲ့ ခေါင်းမိုးထပ်လေးပေါ့ ။အေးစက်နေတဲ့ လေပြေတွေကြောင့်
ပတ်ဝန်းကျင်ရဲ့ လေထုက ပုံမှန်ထက်
ပိုပြီးအေးစက်နေလေသည် ။ ဒါပေမယ့်
ခုံတန်းလေးပေါ်မှာ ထိုင်နေတဲ့
ကောင်လေးနှစ်ယောက်ကြားက
လေထုက ပိုပြီးအေးစက်နေသဖွယ်ပင်.. ။" တောင်းပန်ပါတယ်... ဟျောင်း''
ပြောချင်တဲ့ စကားတွေအရမ်းများနေပေမယ့်
ဒီစကားလေးကို အရင်ဆုံးပြောချင်တယ်။
ဒီလိုမျိုး သူ့မျက်နှာကို ကြည့်ပြီးတော့ပေါ့...ဒါပေမယ့် ကိုယ့်ဘက်ကို
တစ်ချက်ကလေးတောင် လှည့်မကြည့်တဲ့
မျက်နှာလေးကြောင့် ကိုယ့် ရင်တွေ
ပူလောင်ရသည် ။" ......''
"ဟျောင်း ~~''
" အဲ့ဒီတော့...ငါက ခွင့်လွှတ်ပေးရမယ်ပေါ့ ''
" အဲ့သလို မဟုတ် ...... ''
ဒီတစ်ခါတော့ ကိုယ့်ကိုကြည့်ပြီး
စကားဆိုလာလေသည် ။
ကိုယ် ဖြေဖို့ကြိုးစားပေမယ့်
ဟျောင်း ရဲ့ အကြည့်တွေကြောင့်
ပြောမယ့်စကားတွေက လည်ချောင်းဝမှာတင်
ပျောက်ရှကုန်လေသည် ။တစ်ခါမှ မမြင်ဖူးတဲ့
ဟျောင်း ရဲ့ အကြည့်စူးစူးတွေ ။
ဒါက ဘယ်လိုဖြစ်ရတာလဲ ။" မင်းပြောစရာမရှိတော့ဘူးဆိုရင်
ငါသွားတော့မယ် ''ကိုယ့်စကားကိုတောင် ဆုံးအောင်
နားမထောင်ဘဲ ထွက်သွားတဲ့
ဟျောင်း ကို ကြည့်ပြီး
ကိုယ့် နှလုံးသားတစ်ခုလုံး
ဆွဲထုတ်ခံလိုက်ရသလို နာကျင်ရသည်။" ဟျောင်း... ''
ခေါ်သံကြောင့် ဟျောင်းရဲ့
ခြေလှမ်းတွေက တုံ့ခနဲ့။
ဒါပေမယ့် ကိုယ့်ဘက်ကိုတော့
ပြန်လှည့်မကြည့်ခဲ့ပေ.. ။"ကျွန်တော် ဟျောင်းကို
ချစ်နေသေးတယ် အရင်ကရော
ပြီးတော့ အခုချိန်ထိ ။နောင်လည်း
ချစ်နေဦးမှာ ''
