[UNICODE]
" စိတ်မပူပါနဲ့... အမှန်တရားကို
ဘယ်တရားဥပဒေကမှ မျက်ကွယ်မပြုပါဘူး ''"ရှေ့နေကြီးကိုပဲ အားကိုးပါရစေ ။
ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး ''"ဟုတ်ပါပြီ....''
အမှုသည် ပြန်သွားတဲ့နောက်မှာ
ကိုယ့်ရဲ့ စားပွဲပေါ်မှာ ကျန်နေသေးတဲ့
အမှုဖိုင်တွေကို ပြန်စစ်ကြည့်နေလိုက်သည်။
တော်တော်ကြာအောင် စစ်ပြီးတော့
အချိန်ကို ကြည့်လိုက်တဲ့အခါမှာ
၆နာရီတိတိပင် ရှိလို့နေလေပြီ။နောက်ကျနေပြီးပဲ။
ဒီနေ့ မေမေ့ဆီ ပြန်ရမယ့်နေ့လေးပင်ဖြစ်သည်။
တစ်ပတ်မှာ တစ်ရက်လောက်တော့
မေမေ့အိမ်ကို ပြန်ဖြစ်သည်။
ကျန်တဲ့ ရက်တွေကတော့
တိုက်ခန်းမှာပဲ အိပ်တဲ့ရက်တွေရှိသလို
တစ်ခါတလေ ကိုယ့် ရုံးခန်းက
အိပ်ခန်း ဖြစ်သွားတတ်သည်။
အထူးသဖြင့် အလုပ်များတဲ့ရက်တွေပေါ့ ။အိမ်ကို တစ်ခါတည်း ပြန်ရမှာဆိုတော့
Suit ကိုတစ်ခါတည်း လဲလိုက်ပြီး
ပေါ့ပေါ့ပါးပါး Hodie လေးကိုသာ
ဝတ်လိုက်ရသည် ။ကိုယ့်ရဲ့ လက်ထောက်က ဒီနေ့
ရုံးမဆင်းတော့ ကိုယ်တိုင် ရုံးခန်းကို
ပိတ်ပြီးတော့ ထွက်လာခဲ့လိုက်ရသည်။
ဒီနေ့ ကားကို ကိုယ်တိုင်
မမောင်းချင်တာမို့ ဘတ်စ်ကားနဲ့သာ
အိမ်ကို ပြန်လာခဲ့လိုက်တော့သည် ။* * * * * *🍂 * * * * * *
နေ့လည် ကတည်းက တိုက်ခန်းကို
ပြန်ရောက်ပြီး အိပ်ပျော်သွားလိုက်တာ
ညနေစောင်းမှ နိုးတော့သည်။
အိပ်ရေးလည်း ဝသွားတာမို့
ရေချိုးဖို့ ပြင်ဆင်နေစဉ်မှာ
ဖုန်းcall လေးတစ်ခုကြောင့်
ကိုယ် သက်ပြင်းချလိုက်မိသည်။" ဟဲလို... ''
"သားငယ်....ဘာလို့ တိုက်ခန်းမှာ
နေရတာလဲ ။ မေမေဒီကိစ္စကို ခုမှသိရတာနော် ။
မေမေ့ကို ပြောပါဦး... ဘာလို့ အိမ်မှာ
မနေရတာလဲ ''ကိုယ် အဲ့ဒီ နေရာကို ပြန်ဖို့
အဆင်သင့်မဖြစ်သေးဘူး ။
အဓိက က သူ့ကို
မျက်နှာပြဖို့ မဝံ့ရဲဖြစ်နေမိသည်။
အနီးကပ်ဆုံးရောက်အောင် လှမ်းလာပြီးမှ
အဝေးဆုံးကို တွန်းထုတ်လိုက်မှာ
ကိုယ်စိုးရိမ်နေမိသည်။