3. Glance

351 51 5
                                    


အယုဒ္ဓယမှ ဘန်ကောက်ထိ တိုက်ရိုက်ကားလမ်းရောရထားလမ်းရော အဆင်ပြေချောမွေ့သော်လည်း
Tour Guide နှင့်လာသည့် ခရီးသည်အုပ်စုများက
လွဲ၍ ကျန်သည့် ခရီးသွားတော်တော်များများက
ရထားစီးရန်သာရွေးကြသည်။ စျေးလည်းသက်သာသလို ရထားစီးသွားလျင် လမ်းတလျှောက်ရှုခင်းများကို အေးအေးဆေးဆေးငေးမောသွားနိုင်တာကြောင့်ပင်။

PP ၏ ဖေဖေက ထိုအယုဒ္ဓယဘူတာတွင် ဘူတာရုံမှူး
ဖြစ်ကာ ဘုန်းကြီးကျောင်းတွင်လည်း ပိတ်ရက်များ၌
ဘုန်းတော်ကြီးများ၏ ဝေယျာ၀စ္စလုပ်လေ့ရှိသည်။
PP ကငယ်ငယ်က ဖေဖေနှင့်အတူ ဘုန်းကြီးကျောင်း
ကိုကျောင်းပိတ်ရက်များ၌ လိုက်လာကာ ဘုန်းကြီးကျောင်း၀င်းထဲရှိ သစ်ပင်ရိပ်ရှိရာ ကွပ်ပျစ်
ပေါ်တွင် ရောင်စုံခဲတံများဖြင့် ပုံဆွဲနေလေ့ရှိသည်။

PP ကပန်းချီကို အတော်လေးသဘောကျသည်။ သူက
သူ့ခံစားချက်ကို ပါးစပ်က ထုတ်ဖော်ပြသလေ့ရှိသူ
မဟုတ်ရာ ပန်းချီကားများမှတဆင့် သူ့ခံစားချက်များ
ကို သူ့အတွေးကွန့်မြူးကာ ဖော်ပြနိုင်သည်မို့
သူနှစ်သက်သည်။

အန်တီက ကျောင်းဆရာမဖြစ်ကာ PP ကိုပုံတွေ
ဆွဲနေတာထက် ကျောင်းစာကို ပိုအာရုံစိုက်စေချင်သည်။ သို့သော် အဘွားက သူ့ဝါသနာကို ချီးကျူးပေးသည်။ လိုအပ်သည့် တန်ဆာပလာများကိုလည်း
ပူဆာလိုက်သည်နှင့် ၀ယ်ပေးသည်။

သူမူလတန်းပြီးတော့ အလယ်တန်းကျောင်းတက်ရမည့်အချိန် အဘွားကဘန်ကောက်သို့ အလုပ်ကိစ္စနှင့်
ခရီးသွားရသည်။ ပြန်လာတော့ သူ့အတွက် Water
Colour Painting Set ကို၀ယ်လာပေးသည်။
ထိုလက်ဆောင်သည် သူ့ဘ၀တွင် မှတ်မှတ်ရရ ရှိလှသော လက်ဆောင်ပင်။ ပန်းချီဆရာဖြစ်ရမည်ဟု
ထိုနေ့မှစ၍ သူဆုံးဖြတ်ခဲ့သည်။

မနေ့က လက်စမသတ်လိုက်ရသော ပန်းချီကားကို
လက်စသတ်ရန်အလို့ငှာ သူဒီနေ့လည်း အိမ်က
မနက်စာစားပြီးတာနဲ့ ထွက်လာလိုက်သည်။ နေ့လည်စာအမီပြန်လာဖို့ အန်တီက လှမ်းအော်ပြောသည်ကို
သူပြန်ဖြေကာ စက်ဘီးကိုသွက်သွက်နင်းလာခဲ့သည်။

အယုဒ္ဓယမြို့ထဲ စက်ဘီးနင်းရသည်မှာ ပျော်ဖို့ကောင်းသည်။ ကားလည်းသိပ်မရှုပ်တာမို့ သူသွက်သွက်လေး
နင်းလာလိုက်သည်။

FONDLEWhere stories live. Discover now