6. Chronicle

276 40 1
                                    

[Unicode]

နောက်နေ့မနက် P'p အိပ်ရာနိုးလာကာ မနက်စာစားရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။                        မနက်စာဆန်ပြုတ်အနံ့က  ကြီးကောင်ဝင်စ Pp ၏ အစာအိမ်ကို ပို၍ ဆာလောင်လာစေသည်။

"Hmm... မင်းရောက်နေပြီလား "

" အင်း ငါက မနက်စာတောင် ဘွားနဲ့ တူတူစားပြီးပြီ "

" ဘယ်တည်းကရောက်နေတာလဲ "

" ကြာပေါ့ Khun PP ရယ်...သူများတွေက Khun P'pလို အိပ်ပုပ်မကြီးဘူးလေ "

" ဘွားကလည်း "

P'p ကို ဘွားက ပြုံးစစဖြင့် ကြည့်နေသည်မို့ P'p က ဘွား၏လက်မောင်းအိအိကို တွဲကာချွဲမိသွားသည်။

Billkin က ထိုအပြုအမူကို ခပ်မဆိတ်သာ ကြည့်နေသည်။ သူက Billkin အကြည့်ကြောင့် နည်းနည်းရှက်သွားမိသည်။ ဘွားကိုက ဒီလိုပဲချွဲနေကျဆိုပေမယ့် သူနှင့်သက်တူရွယ်တူဖြစ်သော လူတစ်ယောက်ရှေ့မှာ သူ့ပုံစံက အရမ်းများ ကလေးဆန်သွားလားဟု...။

" ငါ မနက်စာစားပြီးရင် သွားကြမယ်လေ...ခဏပဲစောင့်နော် "

" ရတယ် အေးဆေးလုပ်...ငါကရောက်တာစောနေတာ..."

" ဆန်ပြုတ်ပန်းကန်က အုပ်ဆောင်းအောက်မှာ အပူကြီး မကြိုက်တတ်မှန်းသိလို့ အအေးခံထားတယ်"

" ဟုတ် ဘွား "

စားသောက်ပြီးနောက် Pp က ဂိုဒေါင်ထဲမှ စီးနေကျ ပြိုင်ဘီးလေးကို ထုတ်လာသည်။ Billkin ကလည်း သူ့လိုပဲ ပြိုင်ဘီးပဲဖြစ်သည်။ နှစ်ယောက်သားက အရပ်အမောင်းလည်း သိပ်မကွာလှသလို လူငယ်ဆန်ကာ လန်းဆန်းလှပနေသော ကောင်လေးနှစ်ယောက်ဖြစ်ရာ လမ်းတစ်လျှောက်မြင်ရသူများအဖို့ မျက်စိပသာဒ  ဖြစ်ဖွယ်ကောင်းနေသည်မို့...။

နှစ်ယောက်သားက အကွာအဝေးတစ်ခုထားကာ
နင်းလာခဲ့ကြသည်။ စကားမပြောဖြစ်ကြသည်မို့          စက်ဘီး၏ ချိန်းကြိုးမှ ပွတ်တိုက်သံ၊ စက်ဘီးစမုတ်တံများကြားလေတိုးသည့်အသံသာရှိသည်။                  လမ်းကြားထဲမှ ထွက်ကာ လမ်းမကြီးပေါ် ရောက်လာမှသာ ကား ၊ ဆိုင်ကယ် အချို့ကို တွေ့ရသည်။ 

ချောင်ဖရာမြစ်ကို ဖြတ်ဆောက်ထားသည့် တံတားငယ်ပေါ် ဖြတ်ပြီးနောက်မှာတော့ ကိုင်းပင်ရှည်ရှည်အချို့ကို ကဗျာဆန်ဆန်တွေ့လာရသည်။ Pp အတွက် ဒီကရှုခင်းတွေက တန်ဖိုးဖြတ်မရသည့် ကုန်ကြမ်းတွေပင်။

FONDLEWhere stories live. Discover now