နေနဲ့လ​ ရွှေနဲ့မြ​ Ep - 4

265 28 5
                                    

Unicode,

Chae - ဟဲ့ Jen မလာသေးဘူးလား.ငါစောင့်နေတာကြာပြီ

Jen - လာပါပြီဟာ ဒီမှာဖေဖေနောက်ကျနေလို့ပါ

Chae - အေးနော် ငါ့မွေးနေ့ကိုနင်တစ်ယောက်တည်းပဲဖိတ်ထားတာနော် ဘယ်သူမှဖိတ်မထားဘူး

Jen - အေးပါ.သိပါတယ်.လာနေပြီ.ရောက်တော့မယ်.ဟုတ်ပြီလား

Chae - အင်း မြန်မြန်လာခဲ့.ဒါပဲနော်

တင်းတောင်..... တင်းတောင်

Chae ခြံတံခါးဖွင့်လိုက်တော့

Boy - ဒါ park Chaeyoung တို့အိမ်လား

Chae - ဟုတ်ပါတယ် ဘာကိစ္စရှိလို့လဲမသိဘူး

B - ကျွန်တော်က Angel Gift&Flower shop ကပါ.park Chaeyoung ကို customer တစ်ယောက်ကဒီပစ္စည်းလေးတွေပို့ခိုင်းလိုက်လို့ပါ

Chae - ဘယ်သူဆီကလဲမသိဘူး

B - သူကနာမည်မပြောပဲပစ္စည်းပဲပို့ခိုင်းလိုက်လို့ပါ
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ

ဆိုကာchaeကိုပစ္စည်းတွေပေးပြီးပြန်သွားလေသည်

ိထိုအချိန်

Jen - ဟဲ့Chaeရေ Happy birthday နော်သူငယ်ချင်း နင်ကဒီမှာဘာလုပ်နေတာလဲ ဒါတွေကရောဘာတွေလဲ

Chae လက်ထဲကအထုပ်တွေကိုကိုင်ရင်းမေးလိုက်သည်

Chae - birthday present တဲ့ gift shop ကနေပို့ခိုင်းလိုက်တာ

Jen - နင်ပြောတော့နင့်မွေးနေ့ကိုငါတစ်ယောက်တည်းပဲဖိတ်တာဆို ဘယ်သူပို့တာလဲ

Chae - ငါလည်းမသိဘူး

Jen - အိတ်ထဲမှာပစ္စည်းတွေကလည်းအများကြီးပဲ.ဘာတွေလည်းမသိဘူး လာဖောက်ကြည့်ရအောင်

Chae ရဲ့အခန်းထဲတွင်jenနဲ့chae တို့2ယောက်ခုတင်ပေါ်မှာထိုင်ပြီးပစ္စည်းတွေဖောက်ကြည့်လိုက်တော့

Chae - ဟယ် လှလိုက်တာဖန်ခွက်လေးက

Jen - ဒီမှာလည်းအရုပ်ခေါင်းစည်းကြိုးလေးတွေ

Chae - ဒီမှာ သော့ချိတ်လေးကရှဥ့်ရုပ်လေးနဲ့ချစ်စရာလေး ငါ့မွေးနေ့သူဘယ်လိုသိတာလဲမသိဘူး

Chae ရှဥ့်သော့ချိတ်လေးကိုဖုန်းမှာချိတ်ပြီးပြုံးကာပြောလိုက်သည်

နေနဲ့လ​ ရွှေနဲ့မြWhere stories live. Discover now