Part-2

372 28 6
                                    

Part-2

(Zawgyi)

ဧည့်ခန်းရှေ့တွင် Kimလင်မယားနှစ်ယောက် သက်ပြင်းချပြီး အကြောင်းအရာတစ်ခုအား ဆွေးနွေးနေကြသည်။အကြောင်းကတော့ အိမ်ပြောင်းရမည့်ကိစ္စပင်။သူတို့လင်မယားကတော့ ဘာမှမဖြစ်ပေမဲ့ ကလေးနှစ်ယောက်ကိုပြောပြဖို့အတွက် အကြပ်ရိုက်နေကြသည်။သားကြီးကလည်း အရွယ်ရောက်ပြီးသူတစ်ယောက်မလို့ နားချရတာလွယ်လောက်မှာပါ။သားငယ်က အခုမှအလယ်တန်းနောက်ဆုံးနှစ်ဆိုတော့ နားချဖို့ကခက်လိမ့်မည်။အဲ့ကလေးက သူ့သူငယ်ချင်းနဲ့ ဒီDaeguမြို့လေးကို အရမ်းခင်တွယ်တာ။

"ဟူး...ဖေကြီးရေ..ကျွန်မတို့. ဘယ့်နှယ့်လုပ်ကြမတုန်း..သားငယ်လေးက မရလောက်ဘူးထင်တယ်"

"အေးကွာ...ဒါပေမဲ့လည်း..ဘယ်တတ်နိုင်မှာတုန်း...အမေကနေမကောင်းဖြစ်နေတော့...ဟင်း..."

"အွန်း....ကျွန်မတို့ ခဏခဏပြောပြီး အေးဆေးနားချကြည့်ရင် ရလောက်မှာပါနော်.."

"အင်း...တို့သားတွေကလိမ္မာပြီးသားပါပဲ...လွမ်းလဲ...ခဏပဲပေါ့..ဟိုရောက်ရင် နေသားကြသွားမှာပါ..ဟုတ္ဖူးလား.မိန်းမ"

"ဟုတ်ပါတယ်...အဲ့လိုပဲဖြစ်မှာပါ..သားငယ်လေးက.ကျောင်းကဖွင့်ခါစမို့..စာလည်းမီမှာပါ."

"Omm..မျက်နှာလည်း..မငယ်ရလောက်ပါဘူး သူဘယ်လောက်တော်လည်း တို့မိသားစုအသိဆုံးပဲလေ.."

"အို..ငယ္စရာမလိုပါဘူး..ပိုက်ဆံတွေရှာတာ..သားတို့အတွက်ပဲ..အားမငယ်အောင် ထားမှာပေါ့"

"အေး...အခုလောလောဆယ်တော့ မပြောပဲနေကြရအောင်..ပြောင်းဖို့က လကုန်မှလေ အေးဆေးဖြောင်းဖြကြတာပေါ့"

"အွန်း...ဟုတ်တယ်"

ထယ်ယောင်းလေး ကျောင်းတက်တာ တစ်ပတ်ပင်ရှိပြီ။ကျောင်းမှာလည်း ပျော်ပျော်ကြီး စာသင်လို့နေပြီ။စားချိန်စား ဆော့ချိန်ဆော့ စာလုပ်ချိန်လုပ် သူငယ်ချင်းနဲ့ Gameဆိုင် 3ရက်တစ်ခါသွားလိုက်နှင့် အလွန်လွတ်လပ်လို့နေသည်။သို့ပေမဲ့ ဒီလိုပျော်ရွှင်နေတဲ့ကလေးလေး အိမ်ပြောင်းရမဲ့ ကိစ္စကြားရင် ဒီလိုပျော်နိုင်အုံးမှာလား။မိဘတွေကတော့ ပူပင်လို့နေသည်။
.
.
.
.
.
.

Fall In Love With IdolWhere stories live. Discover now