Part-3

273 33 4
                                    

Part-3
(Zawgyi)

"ဗ်ာ!!!..ဟင့်အင်းနော်..သားမလိုက္ဘူး...ပါးတို့လိမ်နေတာ.."

ထယ်ယောင်းလေးတစ်ယောက် အံသြခြင်းများစွာနှင့် ငြင်းနေသည်။အကြောင်းမှာ ပါးနှင့်မားက အိမ်ပြောင်းရမည်ဖြစ်ကြောင်း ပြောလာလို့ပင်။မျက်ရည်တွေကလည်း ပြိုကျလာရင်း ပြင်းထန်စွာငြင်းနေသည်။

"သားငယ်လေးရယ်..ဖွားဖွားကနေမကောင်းလို့ပါနော်..မားသားလေးက လိမ္မာပါတယ်..နော်.."

"ဟင့်အင်း...ဖွားဖွားနေမကောင်းတာက...ဆေးရုံပို့ပြီး..ဆေးကုလို့ရပါတယ်...မေမေရာ."

ယောင်းငယ်လေးမှာ..ဒေါသနှင့်ဝမ်းနည်းမှုကြောင့် မားမဟုတ်ပဲ မေမေလို့တောင်ခေါ်မိနေသည်။ဘေးက အဖေဖြစ်သူမှာလည်း သားငယ်စကားကြောင့် ရင်နာရသည်။ဆေးရုံတင်လို့ရရင်တောင် ဘေးမှာပြုစုမဲ့ သားသမီးတွေရှိမှ အားရှိမည် မဟုတ်ပါလား။

"သား...ယောင်းငယ်.. အဲ့လိုမဆိုးရဘူးလေ..ပါးမကြိုက်ဘူးနော်..ဟိုမွာ.သားလည်း အဆင်ပြေမှာပါ Seoulမြို့ကြီးက အရမ်းခမ်းနားတာ ကစားကွင်းလည်းရှိတယ် သားကြိုက်တဲ့အရာတွေ အကုန်ရှိတယ် သူငယ်ချင်းအသစ်တွေကလည်း ဖော်ရွေမှာပါ။"

"ဟင့်အင်း...ဖေဖေနဲ့မေမေလည်း သိရဲ့သားနဲ့.. သားဒီမြို့လေးကို ဘယ်လောက်ချစ်သလဲဆိုတာ..ပြီးတော့ သားသူငယ်ချင်းတွေ..ဆောင်းဟိုနဲ့လည်း... မခွဲနိုင်ဘူး!!"

ထယ်ယောင်းငယ်လေး သည်းထန်စွာငိုကြွေးနေသည်။ဟုတ်သည်လေ ဒီမြို့လေးက သူ့ဇာတိ။သူအရမ်းမြတ်နိုးတွယ်တာရတာ။အရာရာအေးချမ်းပြီး သူအရမ်းသဘောကျရတဲ့ ရှုခင်းတွေနဲ့ တောင်တန်းတွေလည်းရှိသည်။ လမ်းဘေးက ဂိမ်းစက်။ ပြီးတော့ အရမ်းမကြီးပေမဲ့ ပျော်ရတဲ့ ကစားကွင်းငယ်လေး။ကျန်တဲ့သဘောကျစရာတွေကောပဲ အများကြီး။သူဒါတွေကိုမခွဲနိုင်ပါ။

ပြီးတော့သူ့သူငယ်ချင်းလေး ဆောင်းဟို။ငယ်ငယ်ထဲကပေါင်းလာပြီး အမြဲတမ်းကိုယ့်ဘက်မှာရှိပေးတဲ့ ကောင်းကောင်းဆိုးဆိုး အရာရာအတူလက်တွဲပြီး ဖြေရှင်းတဲ့ သူငယ်ချင်း။သူ့အရမ်းချစ်ခင်တွယ်တာရတဲ့ သူငယ်ချင်းလေးပါ။အဲ့တာကြောင့်မလို့ သူလုံးဝ ဒီအရပ်ဒေသကိုမခွဲနိုင်ပါ။

Fall In Love With IdolWhere stories live. Discover now