“ဒေါက်တာ ရိပေါ်..ရိပေါ်အခြေနေဘယ်လိုရှိလဲဟင်”
“လူနာကအရမ်းလန့်သွားပုံရတယ်ရှော့ဖြစ်ပြီးနှလုံးခုန်ပါရပ်သွားတယ်လူနာကိုသေချာဂရုစိုက်ပေးပါနောက်တစ်ခါဆိုရင်အသက်ဆုံးရှုံးနိုင်တယ်ဒီတစ်ခါတော့ကံကောင်းတယ်ပြောရမယ်”
“ဟုတ်ကဲ့ပါဒေါက်တာကျွန်တော်သေချာဂရုစိုက်ပါ့မယ်”
“လူနာကို VIP ခန်းထဲရွေ့ပြီးပါပြီ အထဲဝင်တွေ့လို့ရပါပြီ. အဲ့တာဆို ကျွန်တော့ကိုခွင့်ပြုပါအုံး”
“ဟုတ်ကဲ့ပါ ဒေါက်တာ”
ရှောင်းကျန့်အခန်းထဲဝင်လာတော့. ကုတင်ပေါ်မှာဆေးပိုက်တွေနဲ့လဲနေတဲ့ကောင်လေး..အောက်စီဂျင်အကူအညီနဲ့အသက်ရူနေရတာတွေ့တော့ရှောင်းကျန့်ရဲ့မျက်ရည်တွေထိန်းမရတော့ဘဲကျဆင်းလာတယ်
ခလေးကိုယ်..ကိုယ်တောင်းပန်ပါတယ်ကွာကိုယ်ခလေးကိုမ စ လိုက်သင့်ဘူး. နိုးလာပါတော့နော် အရင်လိုနှုတ်ခမ်းလေးဆူပြီးစကားပြောတတ်တဲ့ခလေးကိုတွေ့ချင်လို့ပါကွာ...
“ရှောင်းလေး”
“မား. မာမားဝမ်. ပါပါး”
“ရှောင်းလေး. ရိပေါ်လေးဘယ်လိုဖြစ်တာလဲ သာနဲ့အတူတူရှိနေတာဆို”
“မား..ရိပေါ်လေးက သားကြောင့်....သားကြောင့်”
ရှောင်းကျန့်လဲဖြစ်ခဲ့တာတွေအကုန်ပြောပြလိုက်တယ်
“ရှောင်းလေးရယ် ရိပေါ်လေးကနှလုံးရောဂါရှိပါတယ်ဆိုမှ သားရယ်သားအရွယ်ကခလေးလဲမဟုတ်တော့ဘူးလေဘာလို့ စ ချင်ရတာတုန်း. တော်သေးတာပေါ့ဆေးရုံရောက်တာမြန်လို့”
“သားတောင်းပန်ပါတယ်မားး. ရိပေါ်နိုးလာလို့စိတ်ဆိုးနေရင်လဲသား ရိပေါ်လေးစိတ်ဆိုးပြေတဲ့အထိ ပြန်တောင်းပန်လိုက်ပါ့မယ်”
“သားဒီညဆေးရုံစောင့်မှာလား မနက်ရုံးသွားရအုံးမယ်လေ အိမ်ပြန်ပြီးဘဲအိပ်လိုက်ပါလားပါးတို့စောင့်လိုက်ပါ့မယ်”
“ရတယ်ပါးမနက်ဖြန်ရုံးမသွားတော့ဘူးဒီညရိပေါ်နဲ့ဘဲနေတော့မယ်ပါးတို့မားတို့ပြန်လိုက်လေနောက်တောင်ကျနေပြီ”
YOU ARE READING
The 100 days in my memory(Completed)
FanfictionAccident ကြောင့်ရက်၁၀၀စာမှတ်ဥာဏ်ကိုမေ့သွားတဲ့ရှောင်းကျန့်. မိဘချင်းသဘောတူမှုကြောင့်၆နှစ်ငယ်တဲ့ကောင်လေးတစ်ယောက်နဲ့လက်ထပ်လိုက်ရတော့. အိမ်ထောင်ရေးကရောအဆင်ပြေပါ့မလား.?? အကြောင်းတစ်ခုကြောင့်သူမေ့နေတဲ့မှတ်ဥာဏ်ကိုရှာဖွေဖို့လိုလာတော့ သူဘယ်လိုရှာဖွေမလဲသ...