(Unicode)
"Cosmosပန်းလေးတွေရဲ့ အဓိပ္ပာယ်ကိုသိလား...ကိုယ်တို့အတူလက်တွဲပြီး ဘဝခရီးလမ်းကိုဖြတ်သန်းရအောင်...မင်းကိုအရာအားလုံးထက်ပိုချစ်တယ်တဲ့..."
~~~~~~~~
🔹December 4🔹ခေတ်ကာလ ဒီဇင်ဘာလဆိုသည်မှာလည်း ဘုရားစူးဆောင်းတွင်းပါပဲ...။
ဘယ်မှာလဲ အအေးဓာတ်...။ကားparkingကနေ ဓာတ်လှေကားဆီလမ်းလျှောက်လာတာလေးတင်ကို လူကချွေးစို့နေပြီ...။
အမှန်တကယ်ဆိုရင် Gulfကအအေးကြောက်တတ်သူမို့ ဆောင်းတွင်းမအေးလည်းပြဿနာဟုတ်မနေဘူး...
တစ်စုံတစ်ယောက်ကြောင့် ဘာမှအပြစ်မရှိတဲ့
ရာသီဉတုကိုပါ ဒေါသကထွက်ချင်ချင်နဲ့...။တော်ပြီ...တော်ပြီ...။ပါးစပ်ကတော်ပြီပြောလည်း
အဲ့ဦးနှောက်ဟာ တစ်စက်ကလေးမှအငြိမ်မနေဘူး..။
ခေါင်းထဲမှာနေတဲ့ အဲ့ သတ္တဝါလေးက
ထိန်းရကျောင်းရတာ တယ်ခက်လိုက်တာများ...။စိတ်ဆိုးချင်နေတာမို့ ဖြေရာဖြေကြောင်းမနည်းရှာကြံတွေးပြီး ဖြေသိမ့်နေရတာ ဒင်းကဟိုတွေးဒီတွေးကြံဖန်တွေးပြီး မီးလောင်ရာလေပင့်လုပ်ချင်နေတာ...။
ကြံဖန်လောင်တတ်တာက Gulf Kanawut ပုံစံမဟုတ်ပေမယ့် ဒီလိုနေ့မျိုးကတော့ချွင်းချက်ဖြစ်သင့်တယ်ထင်တာပဲ....။
အခန်းရောက်ရင်ေတာ့ မြန်မြန်အိပ်ပစ်မှပါ...။
ဒါမှကိုကို့ကိုစိတ်ကောက္မယ့်အတွေးတွေ
ဝင်မလာေတာ့မှာ...။
___
"ဟယ်လို...Mae သားဒီနေ့တော့ စောစောနားချင်တာမို့ ကွန်ဒိုမှာပဲအိပ်လိုက်တော့မယ် Maeတို့မျှော်နေမှာစိုးလို့..""ဆယ့်တစ်နာရီထိုးတော့မယ်ဆိုတော့ သားကွန်ဒိုမှာပဲအိပ်ဖြစ်လောက်တယ်လို့ Maeပြောနေတာကို Phorကလည်တဆန့်ဆန့်နဲ့ မျှော်နေတာ...အခုကွန်ဒိုကိုရောက်ပြီလား..."
"ဟုတ် အခုပဲအခန်းရှေ့ရောက်တယ်..."
"ရောက်ပြီဆိုရင်လည်းစောစော အိပ်ရာဝင်နော် ညဉ့်နက်တဲ့အထိဂိမ်းဆော့မနေနဲ့ဦး..."
"ဟုတ် ဒီနေ့တော့ စောစောအိပ်မှဖြစ်မှာ...အဲဒါဆိုဒါပဲနော်Mae..."

YOU ARE READING
Eternity with Mewgulf(One Shot Collection)
FanfictionLet's stay together for a long time... Both Unicode and Zawgyi available. @Scarlett