Part - 29 (U, Z)

1.1K 91 2
                                    

[Unicode]

"နံပါတ် ၁၅၇၃ ဧည့်တွေ့"

တစ်ချိန်တုန်းက အရှိန်အဝါတို့ရှိခဲ့ပါသော အမည်နာမတစ်ခုကပင် ဤနေရာတွင်သုံးစားလို့မရ။ ဖြူဖြူမည်းမည်း နူနူရွဲရွဲ အားလုံးတွင် ပိုင်ဆိုင်မှုဆိုသည်မှာ မတူညီသောဂဏန်းလေးလုံးတွဲတစ်ခုသာဖြစ်သည်။

ထမင်းစားရေသောက်ရန် ခြေတစ်လှမ်းကြွဖို့ပင် မလိုအပ်ခဲ့သည့်အချိန်ကာလများ သေချာပေါက်ပိုင်ဆိုင်ခဲ့ဖူးသော်လည်း ယခုလိုထမင်းတစ်ပန်းကန်ဖြောင့်ဖြောင့်စားရန်ပင် ကာလံဒေသံနှင့်အရိပ်အခြေကြည့်နေရသည့်ဘဝသို့ ရောက်သွားသောအခါ ထိုအတိတ်ကာလဟာ ရွှေချထားချင်ဖွယ်ရာ အိပ်မက်ချိုများပင်။

အမြဲလိုခေါင်းလိမ်းဆီစိမ့်ဝင်နေခဲ့သည့် ခေါင်းတစ်လုံးဟာ အခုအချိန်မှာတော့ ဇရာ၏အမှတ်အသား ဖြူဖွေးဖွေးဆံတိုဆံစများက ဟိုနေရာဒီနေရာထိုးထိုးထောင်ထောင် နေရာယူလျက်သား။ အချိန်တိုင်းထောင်လွှားခက်ထန်နေခဲ့သောမျက်နှာသည်လည်း အရေးအကြောင်းအချို့ကပိုထင်ရှားလာပြီး ယုတ်လျော့သွားသောအင်အားနှင့် မာန်အရှိန်အဝါတို့ကို သက်သေပြနေသယောင်။

အားမာန်အပြည့်ဖြင့်လှမ်းခဲ့သော ခြေလှမ်းများက အခုတော့ဖြင့် ယိုင်နဲ့တုန်ချိလျက်။ တည့်မတ်ဖြောင့်တန်းခဲ့သော ကျောပြင်ပြန့်ပြန့်ဟာလည်း ကွေးညွတ်ကျနေသလို နာမည်ကြီးတံဆိပ်တချို့၏ အကန့်အသတ်ထုတ်သိန်းရာချီ၊ထောင်ချီတန် နာရီမျိုးစုံဆင်မြန်းခဲ့ပါသော လက်ကောက်ဝတ်‌တွင်လည်း ပြောင်တင်းအေးစက်သောစတီးကွင်းတစ်စုံကိုသာ နေရာပေးထားရသည်။

တာဝန်ကျအစောင့်၏ ခေါ်ဆောင်မှုနောက် ကုပ်ကုပ်ကလေးလျှောက်လာခဲ့ရင်း ဧည့်တွေ့ခန်း၏မှန်နံရံတစ်ဖက်တွင်ရှိနေသူကိုမြင်လိုက်ရသည့်အခါ အလွန်အမင်းခြောက်သွေ့‌ေနသောမြေပြင်အက်ကွဲကြောင်းကြားမှ မြေစာပင်ယဲ့ယဲ့ကလေးဟာ ရုတ်တရက်ကျဆင်းလာသော မိုးစက်မိုးပေါက်များနှင့် ဆုံစည်းလိုက်ရသည့်နှယ် ‌လက်ကျန်အင်အားလေးဖြင့် ကြည်နူးရွှင်ပြမှုကို အစွမ်းကုန်ဖော်ကျူးလျက် ထိုစွမ်းအားအရင်းအမြစ်ကလေးထံသို့ တဖြည်းဖြည်းချဉ်းကပ်သွားလိုက်သည်။

တွယ်ငြိခြင်း THEORYWhere stories live. Discover now