Univer
Zawkyi
❣အချစ်ကြမ်းကြမ်း (or) မူပိုင်❣
Part(3)
<><><><><><><><><><>
ထမင်းစားနေရင်း ဆောင်ပါးပါးလေး
ကိုစုကျုံ့ကိုင်ထားလေသည်ကြောင့်
ချိန်း မျက်နှာကိုတင်းကာ အနားမှာ
လာထိုင်သည်။""မင်း ရှက်နေတာလား'''
""ခ...ကျွန်တော်...တောင်းပန်ပါတယ်
ခနလောက်ဖြစ်ဖြစ်ထွက်သွားပေးပါ'''""အဟွန်း...ငါ့အခန်းဆိုတော့
ငါထွက်သွားချင်မှဖြစ်မှာလေး'''""ကျွန်တော် ရေချိုးချင်ပြီ'''
""အွန် ဟိုမှာရေချိုးခန်း'''
မေးငေါ့ပြလိုက်ပြီး မကြာပါဘူး
သူ့ကို လှည့်ကြည့်လှည့်ကြည့်နဲ့
မလုံမလည်းထွက်သွားလေသည်။မိန်းကလေးထက်ဆိုးအောင်
ရှက်တက်နေ၍ ရှင်သုတ ပုံစံ
သူ့အားပြုံးစေခဲ့သည်။ဒါပေမဲ့အညိုးအာဂ္ဂတ အကြောင်း
တွေးမိတိုင်း နာနာကျင်ကျင်မဲ့ပြစ်
လိုက်သည်။ဖုန်းကိုထုပ်ကာ ဒုတိယတစ်ကြိမ်
ပုံတွေအားလုံး ထပ်ပို့လိုက်သည်။
ပြီးနောက်ရေချိုးခန်းဘက် မဲ့ကြည့်ကာ
အခန်းထဲက ထွက်လာခဲ့လိုက်သည်။မင်း ကိုနှမြောမိတယ်
ငါ့အတွက်ဖြစ်နေခဲ့လို့...။<><><><><>
ထပ်တလဲလဲပျံနှံ့လာခဲ့တဲ့ ပုံတွေကြောင့်
ဦးရာဇာမင်း သတင်းစာရှင်းလင်းပွဲ
စီစဉ်ကာ အားလုံးကိုရှင်းလင်းဖို့စီစဉ်
ခဲ့လိုက်ပေမဲ့ နှလုံးရောဂါပြန်ထလာ၍
ကံကြမ္မာမျက်နှာပေးမှုမရလိုက်ဘဲ
ဆေးရုံတက်ခဲ့ရသည်။ကုမ္ပဏီ ရဲ့ရှယ်ယာထည့်သူတွေ
အားလုံးနီးနီး ကုမ္ပဏီ ရဲ့အထင်
သေးမှုတွေကြောင့် စီးပွားရေး
ထိခိုက်လာ၍ စိတ်ကွက်လာကြသလို
တနေ့တနေ့ ဦးရာဇာမင်း အား
ဖုန်းဆက်ပြီး ရှယ်ယာတွေထုပ်ရန်
ပြောဆိုလာကြတဲ့အထိ ဆိုးရွား
လာခဲ့သည်။မီဒီယာတွေရဲ့ အင်တာဗျူးမှုတွေ
ကို လည်းဦးရာဇာမင်း ငြင်းဆန်
ပုန်းရှောင်နေခဲ့ရရင်း အခြေအနေက
မရပ်တန့်သေးဘဲပိုပြင်းထန်လာခဲ့သည်။