“ဟန်လေး…အိမ်ရှေ့မှာဧည့်သည်ထင်တယ်…သွားခေါ်စမ်း…”
Xing..က ဧည့်သည်ဝိုင်းမှာထိုင်နေရင်း Luhanပခုံးကိုဖွဖွပုတ်ကာလှမ်းပြောတာမို့ လက်ထဲကကိုင်စားနေလက်စ ရေခဲမုန့်ဖန်ခွက်ကိုမချခဲ့နိုင်ပဲ အိမ်ရှေ့ကိုအရေးတကြီးပြေးထွက်လာခဲ့လိုက်သည်။ဆယ်နာရီတောင်ထိုးတော့မှာ…ဧည့်သည်တွေကမကုန်နိုင်သေးဘူးလား…
“ အဲ..”
ခြံတံခါးကနေဖြတ်ကာ အိမ်နားအထိရောက်နေပြီဖြစ်တဲ့လူကိုမြင်လိုက်ရတော့ Luhan မှာ ဆက်ပြေးကာခရီးဦးကြိုရမလို… မသိချင်ယောင်ဆောင်ပြီးပဲပြန်ဝင်လာရတော့မလို… အူကြောင်ကြောင် ယောင်နနလေးဖြစ်သွားရလေသည်။
သူကတော့ ခပ်တည်တည်ပဲဆက်လျောက်ကာ အိမ်အဝင်မှာ ဖိနပ်ချွတ်မလို့ပင်ပြင်နေပြီ…
အမလေး…ဟိုဘက်အိမ်ကနေ ဒီဘက်အိမ်ကူးလာတာကိုပဲ ခြေဖမိုးပေါ်ပုံအိကျနေသည့် စတိုင်ပန် အနက်စိုစို…ဖြူဆွတ်ဖွေးအိသော အကျီ င်္အဖြူတို့နဲ့ကျော့သန့်ကာနေသေးသည်။
“ဘာလာလုပ်တာလဲ..”
တိတ်တခိုးကဲ့ရဲ့နေမိဆဲ သူကဖျတ်ကနဲမော့ကာ ပြုံးမယောင်မျက်လုံးလေးတွေနဲ့ကြည့်လိုက်တော့…တကယ်ရည်ရွယ်မေးလိုက်တာမဟုတ်ပဲ ပါးစပ်ကယောင်ယောင်ယမ်းယမ်းနဲ့ထွက်မိထွက်ရာတွေထွက်ကုန်ရ၏။
“ရော်…ဒီနေ့အိမ်တက်ဆို…. ဖိတ်ထားလို့လာတာပေါ့ ဘာလဲမလာရဘူးလား…”
လေသံပြတ်ပြတ်နဲ့ဖြေပေမယ့် သူ့မျက်နှာကပြုံးစိစိ… မကျေနပ်ပေမယ့် ဘာမှလည်းပြောလို့မရတာမို့.. ပေစောင်းစောင်းနဲ့လှည့်ဝင်လာရသည်။ မနက်ကသူ့အမေတစ်ခေါက်လာသွားပြီးပြီမို့ သူတော့မလာလောက်တော့ဘူးထင်နေတာ… ဧည့်သည်တွေတောင်ကုန်နေမှ..ရောက်လာရသေးတယ်…. သူများအိမ်ကကျွေးမွေးမှာကို ဘယ်လောက်တောင်စားချင်နေလဲမသိ..
သူမလာတော့ဘူးထင်ပြီး တမနက်လုံးအဝမစားပဲအောင့်ထားရတဲ့ ရေခဲမုန့်ကို ကလပ်အလှလေးနဲ့မဟုတ်ပဲ အိမ်မှာရှိတဲ့ကိုင်းတပ်ဖန်ခွက်ကြီးနဲ့ အားရှိပါးရှိထည့်စားနေတာ… မြင်ကုန်ပါပြီ….ဟင်း…