အပြင်ကအသံတွေကအိမ်ထဲအထိပျံ့လွင့်လာနေသည်။
အိပ်ယာပေါ်မှောက်လျားထိုးကာ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို စိတ်မပါလက်မပါလှန်လှော ကြည့်နေရင်း တစ်ချက်တစ်ချက် ကြားနေရသည့် ရယ်သံတွေ စကားသံတွေကိုအာရုံရောက်ရောက်သွားရသည်။
ကိုကြီးတော့ ပျော်နေရောပေါ့.... Jun လည်းရှိနေတာကို.... မီးပုံပွဲလုပ်ကြမလို့တဲ့လေ... သူတို့နှစ်ယောက်လုံးနဲ့သိတဲ့သူငယ်ချင်းတွေကော... တစ်ယောက်စီနဲ့သပ်သပ်သိကြတဲ့သူငယ်ချင်းတွေကော အားလုံးခေါ်ထားတာမို့ လူတွေလည်းအများကြီးလာသည်။ဆယ်ယောက် ဆယ့်ငါးယောက်လောက်တောင်ရှိမလားပဲ။
စောစောကပြတင်းပေါက်ကနေ သွားငုံ့ကြည့်တာတော့ ခြံထဲကသစ်ပင်တွေမှာ ရောင်စုံမီးကုံးတွေပြင်ဆင်ချိတ်ဆွဲပြီး အလယ်ခေါင်ကမီးဖိုရဲရဲကြီးနဲ့ လူတွေကအများကြီးနဲ့ ပါတီအငယ်စားလေးတစ်ခုနဲ့တောင်တူနေသည်။
အသားတွေ အသီးအနှံတွေလည်းကင်မှာ.... စားစရာကောသောက်စရာကောအစုံအလင်နဲ့ ပျော်စရာကြီးနေမှာပဲ။
ခါတိုင်းလိုသာဆို Luhan တို့ ပွဲမစခင်ကတည်းက တက်တက်ကြွကြွနဲ့ရှေ့ဆုံးကရောက်နေပြီး တစ်ခြံလုံးကိုယ့်အသံချည့်ဖြစ်အောင်ပျော်လို့ကောင်းနေလိုက်မယ့်အမျိုး....
အခုတော့ မီးပုံပွဲသဘင်ကိုလည်း ဆင်နွှဲချင်စိတ်ကင်းမဲ့နေရသည်။"ငယ်လေး...ထလေကွာ.... ခြံထဲမဆင်းဘူးလား..."
Xing ကအရိပ်အကဲကြည့်ကာခေါ်တော့ခေါ်သေးသည်။စိတ်ကလုံးဝပင်မပါ...
"ကူလုပ်ဖို့လိုလို့လား...အဲ့ဒါဆိုလာမယ်လေ..."
"ကူဖို့ရယ်လည်းမဟုတ်ပါဘူး.... လုပ်မယ့်လူတွေများပါတယ်...အကုန်လုံးကို လုပ်ကူဖို့စောစောလာခိုင်းထားတယ်.... နောက်ကျတဲ့ကောင်မကျွေးဘူးဆိုလို့ အားလုံးဝီရိယအပြည့်နဲ့ရောက်နေပြီ... ငယ် တစ်ယောက်ထဲအိမ်ပေါ်မှာပျင်းနေမလားလို့"
အစဦးအစီအစဉ်ကဒါလောက်မကြီးကျယ်ပါ.... ကိုယ့်ခြံထဲမှာပင် မီးဖိုလေးနှစ်ဖိုလောက်နဲ့ အသားကင်ပွဲလေးခပ်သေးသေးလုပ်ဖို့လောက်ပါပဲ.. သူငယ်ချင်းလည်း ဒါလောက်များများဖိတ်ဖို့စိတ်ကူးမရှိ... Yixing တို့ဆွေးနွေးတိုင်ပင်နေတာကို Sehun ကြားသွားတော့ သူတို့ခြံထဲမှာကျယ်ကျယ်လွင့်လွင့်လာလုပ်ပါလို့ ဇွတ်ပင်ဖိတ်ခေါ်ခဲ့တာ.....