ꪖꪶꪻꫀ᥅ꪀꪖꪻ꠸ꪜꫀ ꪊꪀ꠸ꪜꫀ᥅ᦓꫀ(of Ennead,fanfic)
Original creator - Mojito
Genre - Platonic
" ချစ်သောသူဟာ သမီးကိုအနမ်းပေးလိမ့်မယ်...
မုန်းသောသူဟာ သမီးလေးအိပ်စက်ချိန်မှာ မအိပ်စက်နိုင်ဖြစ်လိမ့်မယ်...
အိပ်ပါတော့ကွယ် ချစ်သမီးငယ်...''Nami Nami သားချော့တေးဟာ ကျွန်တော့်နားထဲ
တိုးတစ်လှည့်ကျယ်တစ်လှည့်...ဘေးကစကားပြောနေတဲ့သူငယ်ချင်းနှစ်ယောက်ကိုဂရုမစိုက်အားပဲ ကိုင်ထားတဲ့ခွက်ကိုသာတွင်တွင်မော့သောက်နေမိတော့တယ် ဒါဟာကျွန်တော့်ရဲ့ဘယ်နခွက်မြောက်မှန်းမမှတ်မိပေမယ့်ပေါ့...
ညနက်လာတာနဲ့အမျှခေါင်းထဲရီဝေဝေသာဖြစ်လာတယ် မနေ့ညကမက်ခဲ့တဲ့အိပ်မက်ကတော့တကယ်ဖြစ်ခဲ့သလိုထင်ရှားပြတ်သားနေတုန်းရယ် လခွမ်းလိုပါပဲ...ကျွန်တော်ကျိန်ဆဲလိုက်တယ်...အသက်၁၉နှစ်ပြည့်တဲ့ မွေးနေ့ဟာစိတ်နှလုံးမသာယာစရာတွေနဲ့ပဲ ပြည့်နှက်နေလေရဲ့...
×××××
" ငါ့ကိုလွှတ်စမ်း!ဒီအယုတ်တမာကောင်!...''
အရှင်ဘယ်လောက်ပဲရုန်းကန်ငြင်းဆန်နေလည်း အဲဒီမျက်လုံးစိမ်းနဲ့ကောင်ကအရှင့်ကိုဖမ်းဆွဲထားတုန်းပဲ
ကျွန်တော်အချိန်ဆွဲမနေတော့ပဲ အရှင့်ကိုဆွဲထားတဲ့သူ့လက်ကိုထုတ်ချင်းပေါက်သွားအောင် ကျောက်ဆူးချွန်နဲ့အားပါးတရထိုးစိုက်ချခဲ့တယ်...သွေးတွေ ရဲကနဲ...
အရှင့်ကိုကျွန်တော်ဆွဲခေါ်ပွေ့ဖက်လိုက်တော့မျက်လုံးစိမ်းနဲ့ကောင်က သူ့ အညိုရောင်ဆံပင်ရှည်တွေကိုသပ်တင်ရင်းအမြင်ကပ်စရာကောင်းလောက်အောင် ရယ်နေလေရဲ့...ဒီလောက်ဒဏ်ရာရထားတာတောင်ဘယ်လိုဖြစ်လို့ရယ်နေရတာလဲ??
အရှင့်ရဲ့အနီရောင်ဆံနွယ်တွေကဖရိုဖရဲ
ဘာစကားမှမပြောနိုင်ပဲ ကျွန်တော့်ကိုခပ်တင်းတင်းဖက်ထားရှာတယ်...အရှင်ရယ်...ဘယ်လောက်တောင်ကြောက်နေလိုက်မလဲ?..." ငါ့အရှင်ကိုငါ့ရှေ့မှာထိရဲတယ် မင်းဘယ်သူလဲ?...''
" အဲဒါ ငါ့ကိုမမေးနဲ့ မင်းအရှင်ကိုမေး...''
"...''
" ဒါမှမဟုတ်ရင်လည်း မင်းယုံကြည်ရတဲ့တစ်ယောက်ယောက်ကိုမေးပေါ့ ငါဘယ်သူဆိုတာကအရေးမကြီးပါဘူး မင်းအရှင်Sethနဲ့ငါနဲ့ကြားထဲဘာတွေဖြစ်ခဲ့တယ်ဆိုတာကသာ-''
YOU ARE READING
19th
Randomꪖꪶꪻꫀ᥅ꪀꪖꪻ꠸ꪜꫀ ꪊꪀ꠸ꪜꫀ᥅ᦓꫀ(of엔네아드,fanfic) Original creator - Mojito Genre - Platonic