Arc(3.9)ဗီလိန်လေးရဲ့လမ်းကြောင်းကိုပြင်ပေးပါ

4.4K 513 31
                                    

မျက်စိတစ်မှိတ်ဆိုတဲ့အချိန်မှာ ၆လဆိုတာကုန်လွန်သွားပြန်သည်။
လူစီယာကိုယ်၀န်ခြောက်လကတည်းက ရစ်ချတ်ကအိမ်မှအလုပ်လုပ်သည်။
လူစီယာကတော့ ဒီကမ္ဘာရောက်မှ၀ပြဲကာလာတောြသည်။
အိမ်ဦးနတ်ကြီးကတစ်ချိန်လုံး ကျွေးမွေးနေတာကြီးကို ဟွန့်~

လူစီယာကိုယ်၀န်က ၉လထဲ၀င်လာပြီဖြစ်ကာ
မွေးခါနီးဖွားခါနီးဖြစ်နေလေပြီ။

"လူစီထတော့ လမ်းလျှောက်ကြမယ်"
တစ်ရေးတစ်မောအိပ်ပျော်နေစဥ်လာနိုးသည့် မိမိယောကျ်ားပါလေ။ တကယ်ပဲ ကိုယ်၀န်ရှိန်ကြောင့်
လူကပိုပိုမှိန်းချင်လာတာ ကိုယ်တိုင်အသိ။

"ယောကျ်ား ကျွန်မမထချင်သေးဘူးရယ်
နေလည်းကောင်းနေတာကြီးကို မလျှောက်လို့မရဘူးလား ဟင်"

ရစ်ချတ် မိမိမိန်းမကိုကြည့်ပြီး တစ်နေ့တစ်ခြားချိုမြိန်လာသည်ဟုခံစားမိလာသည်။
မိမိတို့နှစ်ဦးမှာစီးပွားရေးအရလက်ထပ်ကြသော်လည်း အမှန်တကယ်တော့ လူသိရှင်ကြားလက်ထပ်ရခြင်းမရှိသေးပေ။
ဒီချိုမြိန်တဲါဖရဲသီးလေးကို ပိုပိုချစ်လာတာ ဘယ်လိုလုပ်ရပါ့မလဲ။ သူ့အမျိုးသမီးဟာ သူအပိုင်ဆိုတာကို တစ်ကမ္ဘာလုံးကိာကြေညာလိုက်ချင်သည်။
သို့သော် သူ့ဇနီးကသားလေး ၃နှစ်ပြည့်မှသာ
လုပ်ပါဟုပြောထားသည်။ အင်း နောက်ထပ် (၃)နှစ်ပေါ့~~~

အခုလည်းအိပ်ရာပေါ်က မထသေးဘဲ မျက်လုံး၀ိုင်းကြီးများနှင့်ကြည့်ပြီး အပျင်းကြီးနေသည်။ သားလေးသာ အမေနှင့်တူလျှင်တော့ သေချာပေါက်ငပျင်းလေဖြစ်တော့မည်။

"မရဘူး ထတော့
ကလေးပါမင်းနဲ့အတူအပျင်းကူကုန်မယ်"

ရား.........ဒီယောကျ်ားကတော့
ငါအေးအေးဆေးဆေးအိပ်ချင်တာပါ။
ပျင်းနေတာမဟုတ်ရဘူးဟယ်
ဘယ်ကကလေးကိုပါပျင်းမယ်လာပြောနေတုန်းဟ

"အင်း အင်း ထပြီ"

ဆူပုတ်ပုတ်နဲ့ထလာသော အမျိုးသမီးကိုကြည့်ပြီး
ရယ်မိတော့သည်။

"ရှင်...အွင့်"

"ရှင်ဘာလုပ် အွင့်"

စကားတောင်ပြောခွင့်မပေးပဲနမ်းနေတဲ့ ဗီလိန်စုတ်
နောက်တစ်ခါထပ်ရောက်လာမယ့်အနမ်းကိုကြောက်တာကြောင့် ပါးစပ်ကိုအုပ်ပြီးမေးလိုက်တော့
မျက်လုံးလှန်ပြီးဖြေလာတာက" ယောကျ်ား"တဲ့

System~ငါလေးကကြာပန်းဖြူတွေမုန်းတယ်(Book-2)Where stories live. Discover now